Endearing encroachment 🖤

456 33 1
                                    


တစ်နေ့ တစ်နေ့ ဟအိုဆိုတဲ့လူနဲ့မတွေ့အောင် ရှောင်ရသည်မှာလဲ အလုပ်တစ်လုပ်လိုဖြစ်လာသည်

ရှောင်နေမှန်း သိလို့ထင်ပါသည် ဟအိုဆိုတဲ့သူမှာ သူ့ကိုမြင်တာနဲ့ ခြေလှမ်းကျဲတွေနဲ့လိုက်လာတတ်သဖြင့် ကျောင်းတောင်မသွားချင်တော့ပါ

မျက်နှာပူလွန်းလို့ မျက်နှာချင်းမဆိုင်ချင်တာလဲပါသလို ဟအိုရှေ့ရောက်လျှင် ဘာမှန်းမသိတဲ့ဖိအားတစ်ခုက သူ့ကို ထုံထိုင်းသွားစေတာမို့ ရှောင်နေတာကသာ အကောင်းဆူံးပင်

ကျောင်းသားသစ်ရောက်တယ် ဆိုသည့်ဆရာ၏အသံနဲ့အတူ ရစ်ခီဆိုသည့် ကျောင်းသားဝင်လာသည်နှင့်တပြိုင်နက် အတန်းထဲက မိန်းကလေးတွေအသံမှာ သောကြာဂြိုလ်ပေါ်ကနေတောင် ကြားရနိုင်​ပေသည်
မိန်းကလေးတွေ ကဲသဲတာလဲမပြောနှင့် ရစ်ခီမှာ အမှန်ပင်ကြည့်ကောင်းသူဖြစ်ပေသည်ဟု ဟန်ဘင်း အသံတိတ်ချီးကျူးနေမိသည်

ရစ်ခီဆိုသည့်ကျောင်းသားကြောင့် ကန်တင်းတွင် အရင်ကထက် ပိုဆူညံနေသလို မိန်းကလေးများရဲ့ အားကနဲဆိုတဲ့အသံကြောင့် ဟန်ဘင်းကြည့်မိရာ

~ ဘုရားသခင် ဟအိုဆိုတဲ့သူပါလား ~

ကန်တင်းကိုလာလေ့မရှိတဲ့သူမို့
အထူးအဆန်းဖြစ်နေရင်း ဟအိုမမြင်အောင် သူ့ကိုယ်သူ ကာလိုက်မိသည်

ကံကောင်းသည်က ဟန်ဘင်းအားမမြင်ပါ

နေပါဦး ရစ်ခီဆိုတဲ့ ကျောင်းသားက ဟအိုကိုတွေ့တော့ ဝမ်းပန်းတသာ ပြေးဖက်လိုက်ပြီး ဟအိုသည်လည်း လန့်သွားပုံပေါ်ပေမဲ့ ပြုံး၍ စကားပြန်ပြောနေသဖြင့် ဟန်ဘင်း စားလတ်စ Sandwich ပင် ဆက်မဝါးနိုင်တော့ပါ
ချက်ချင်း အစာပင်မကြေချင်တော့သလိုပင်

ရစ်ခီဆိုသည့် ကျောင်းသားက ဟအိုကိုဆို အရမ်းခင်တွယ်သည့်ပုံပင် တွေ့လိုက်တိုင်းအမြဲတတွဲတွဲနှင့်
ဟအိုကလဲ ရစ်ခီနှင့်ဆိုလျှင် ပြုံးပျော်နေသည့်ပုံမို့
ဟန်ဘင်း စိတ်ထဲတမျိုးဖြစ်လာသည် သူ့ကိုဖွင့်ပြောထားတာဖြင့် မကြာသေးတာကို အခုတော့ အဖက်တောင်မလုပ်သဖြင့် မာနထိခိုက်သလိုခံစားရသည်

Empyrean (U & Me) CompletedWhere stories live. Discover now