Prologue

1.6K 78 7
                                    

Unicode

LOVE, FLAWS AND ALL

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

LOVE, FLAWS AND ALL

ကမ်းစပ်က လှိုင်းခတ်သံတွေကို ကြားရင် ဘာကိုအရင်ဆုံး စဉ်းစားမိလဲ ။ ဒါမှမဟုတ် ဖြူလွှလွှ တိမ်စိုင်တွေကို မြင်ရင်ပေါ့..

နောက်.. မျက်နှာမပါတဲ့ လူတစ်ချို့ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို ခြစ်ဆွဲထားတဲ့ စာရွက်အချို့ရယ်..သံစဉ်တွေပါသလား မရေရာပေမဲ့ စိတ်အေးချမ်းစေတဲ့ မိုးစက်သံအချို့ရယ် ။

သဘာဝတရားတွေနဲ့ အဲ့ဒီအလှတရားတွေအကြောင်းကိုတခုတ်တရနဲ့ စာဖွဲ့ဖို့လောက်ထိတော့ သူဟာ ကဗျာဆန်ဆန် လူတစ်ယောက်မဟုတ်နေပါဘူး ။ ဒါပေမဲ့ သူ့ရဲ့ ဒိုင်ယာရီ စာမျက်နှာတွေကတော့ မျက်နှာလိုက်လွန်းတယ်လေ.. 

ပင်လယ်ကမ်းကိုမျှော်ငေးတဲ့အခါ မရိုးနိုင်စွာပဲ မြင်ရတတ်တဲ့ ကျောပြင်ငယ်အကြောင်း..တိမ်တွေနဲ့ တူတဲ့ အဖြူရောင် ကောင်လေးတစ်ယောက်ရဲ့အကြောင်း..

မျက်နှာ အစိတ်အပိုင်း တစ်ခုချင်းစီရဲ့ အသေးစိတ် ခဲခြစ်ရာလေးတွေနဲ့.. မိုးစက်ကလေးတွေ တင်ကျန်ရစ်နေတဲ့ အဲ့ဒီကောင်လေးရဲ့ ပုံတူပန်းချီ အပိုင်းအစတွေအပေါ်က သူ့မြတ်နိုးမှု တစ်စွန်းတစ်စ အကြောင်း..။

တွယ်ငြိရင်း ဆုံးရှုံးရင်းပဲ အထိအရှတွေများတဲ့ ဒီကမ္ဘာမှာ သူ့ရဲ့ အရာအားလုံးကို နွေးနွေးထွေးထွေး ပွေ့ဖက်ကြိုဆိုပေးမဲ့ အိမ်လိုမျိုး ရင်ခွင်တစ်စုံကို သူက တကူးတကတော့ရှာနေမှာ မဟုတ်ဘူး ။

သူ့ရဲ့ ဆုတောင်းကတစ်ခုထဲပဲ ။ မိုးရေတွေကြားမှာ ရှာတွေ့ခဲ့တဲ့ အချစ်ဦးလေးအကြောင်းကို တယုတယနဲ့ ဒိုင်ယာရီတွေထဲ သိမ်းဆည်းထားနိုင်ဖို့ ။

ဒီလောက်ပါပဲ ။

- love, flaws & all -








[ A/N - ဒိုင်နိုဆောလေး another ikeuhoon နဲ့ ပြန်လာပါပြီ..ဒါပေမဲ့ တစ်ခုပြောစရာရှိတာက ဒီတလော ကိစ္စလေးတွေရှိလို့ အပ်ပဒိတ်တော့ မမြန်နိုင်ပါဘူး.. (╥﹏╥)

နောက်ပြီး ngl link က စာလေးတွေကိုလည်း မြင်တာမို့ ကျေးဇူးတင်ပြီး ဒီတစ်ပုဒ်ကိုလည်း စောင့်ကြည့်ပေးကြရင် ကောင်းမှာပါပဲလို့ 🦭🫶🏻 ]







Zawgyi


LOVE, FLAWS AND ALL

ကမ္းစပ္က လႈိင္းခတ္သံေတြကို ၾကားရင္ ဘာကိုအရင္ဆုံး စဥ္းစားမိလဲ ။ ဒါမွမဟုတ္ ျဖဴလႊလႊ တိမ္စိုင္ေတြကို ျမင္ရင္ေပါ့..

ေနာက္.. မ်က္ႏွာမပါတဲ့ လူတစ္ခ်ိဳ႕ရဲ႕ လႈပ္ရွားမႈပုံရိပ္ေတြကို ျခစ္ဆြဲထားတဲ့ စာ႐ြက္အခ်ိဳ႕ရယ္..သံစဥ္ေတြပါသလား မေရရာေပမဲ့ စိတ္ေအးခ်မ္းေစတဲ့ မိုးစက္သံအခ်ိဳ႕ရယ္ ။

သဘာဝတရားေတြနဲ႔ အဲ့ဒီအလွတရားေတြအေၾကာင္းကိုတခုတ္တရနဲ႔ စာဖြဲ႕ဖို႔ေလာက္ထိေတာ့ သူဟာ ကဗ်ာဆန္ဆန္ လူတစ္ေယာက္မဟုတ္ေနပါဘူး ။ ဒါေပမဲ့ သူ႔ရဲ႕ ဒိုင္ယာရီ စာမ်က္ႏွာေတြကေတာ့ မ်က္ႏွာလိုက္လြန္းတယ္ေလ.. 

ပင္လယ္ကမ္းကိုေမွ်ာ္ေငးတဲ့အခါ မ႐ိုးႏိုင္စြာပဲ ျမင္ရတတ္တဲ့ ေက်ာျပင္ငယ္အေၾကာင္း..တိမ္ေတြနဲ႔ တူတဲ့ အျဖဴေရာင္ ေကာင္ေလးတစ္ေယာက္ရဲ႕အေၾကာင္း..

မ်က္ႏွာ အစိတ္အပိုင္း တစ္ခုခ်င္းစီရဲ႕ အေသးစိတ္ ခဲျခစ္ရာေလးေတြနဲ႔.. မိုးစက္ကေလးေတြ တင္က်န္ရစ္ေနတဲ့ အဲ့ဒီေကာင္ေလးရဲ႕ ပုံတူပန္းခ်ီ အပိုင္းအစေတြအေပၚက သူ႔ျမတ္ႏိုးမႈ တစ္စြန္းတစ္စ အေၾကာင္း..။

တြယ္ၿငိရင္း ဆုံးရႈံးရင္းပဲ အထိအရွေတြမ်ားတဲ့ ဒီကမာၻမွာ သူ႔ရဲ႕ အရာအားလုံးကို ေႏြးေႏြးေထြးေထြး ေပြ႕ဖက္ႀကိဳဆိုေပးမဲ့ အိမ္လိုမ်ိဳး ရင္ခြင္တစ္စုံကို သူက တကူးတကေတာ့ရွာေနမွာ မဟုတ္ဘူး ။

သူ႔ရဲ႕ ဆုေတာင္းကတစ္ခုထဲပဲ ။ မိုးေရေတြၾကားမွာ ရွာေတြ႕ခဲ့တဲ့ အခ်စ္ဦးေလးအေၾကာင္းကို တယုတယနဲ႔ ဒိုင္ယာရီေတြထဲ သိမ္းဆည္းထားႏိုင္ဖို႔ ။

ဒီေလာက္ပါပဲ ။

- love, flaws & all -








[ A/N - ဒိုင္ႏိုေဆာေလး another ikeuhoon နဲ႔ ျပန္လာပါၿပီ..ဒါေပမဲ့ တစ္ခုေျပာစရာရွိတာက ဒီတေလာ ကိစၥေလးေတြရွိလို႔ အပ္ပဒိတ္ေတာ့ မျမန္ႏိုင္ပါဘူး.. (╥﹏╥)

ေနာက္ၿပီး ngl link က စာေလးေတြကိုလည္း ျမင္တာမို႔ ေက်းဇူးတင္ၿပီး ဒီတစ္ပုဒ္ကိုလည္း ေစာင့္ၾကည့္ေပးၾကရင္ ေကာင္းမွာပါပဲလို႔ 🦭🫶🏻 ]

Love, flaws and all [ Sungjake ] Where stories live. Discover now