01

933 100 32
                                    

Unicode

Chapter 1

ရှင်းမ်ဂျယ်ယွန်း ။

ဂျယ်ယွန်းကို သူစတွေ့တာ မိုးဦးရာသီရဲ့ ပထမဆုံး ကျောင်းဖွင့်ရက်မှာ ။ သူလို ကိုယ်လို မူလတန်းကလေးလေးတွေအကုန် ကွင်းကြီးထဲ တန်းစီပြီး ကျောင်းအုပ်ဆရာကြီး ပြောတာကို နားလည် သယောင် ခေါင်းတငြိမ့်ငြိမ့် လုပ်နေတဲ့အချိန်ပေါ့ ။

မိုးရာသီပေမဲ့ အဲ့ဒီနေ့က နေတွေပူနေတာမှ ခြစ်ခြစ်တောက်ပဲ ။ လေးလေးနဲ့အတူ ဒီကိုလိုက်မလာပဲဆိုးလ်မှာပဲ မေမေ့အနား ပေကပ်နေခဲ့သင့်တာ ။

" ဆောင်ဟွန်း "

" ဆောင်ဟွန်း "

ကျောင်းအုပ်ကြီးက စင်ပေါ်ကနေ လှိုက်လှဲစွာကြိုဆိုကြောင်းကို တစ်သီတစ်သန်းကြီးပြောနေခဲ့ပေမဲ့ ဝင်းထဲမှာ ကျောင်းသားကျောင်းသူတွေနဲ့ မိဘတွေရဲ့ အသံဟာ တကျက်ကျက်ပါပဲ ။

လေးလေးကလည်း ကျောင်းဝင်းထဲက သစ်ပင်ကြီးအောက်မှာ တစ်ခြားမိဘတွေနဲ့ တူတူ သူ့နာမည်ကို တောက်လျှောက်ခေါ်နေခဲ့တာ ။ သူတော့ဖြင့် လှည့်မကြည့်ချင်ပါဘူး ။ အရက်မူးပြီး ရီဝေနေမဲ့ ဦးလေးငယ်ရဲ့ မျက်လုံးတွေကို သူကြည့်ရတာ စိတ်ကုန်လှပြီ ။

ကိုယ်တိုင်တောင် အေးအေးချမ်းချမ်းမနေနိုင်ပဲ မေမေ့ဆီကနေ သူ့ကို အတင်း ခေါ်လာတဲ့ လေးလေးကို သူတော့ နားမလည်နိုင်ဘူး ။ ဖေဖေမရှိတော့လို့ သူ့ကို မေမေတစ်ယောက်တည်း ပျိုးထောင်ရတာ ခက်ခဲမှာပဲဆိုပြီး ခနခနပြောတတ်တဲ့ လေးလေးက သူ့မှာ ဖေဖေအသစ်ရှိနေပြီလို့ ပြောတဲ့ အခါမှာတော့ စိတ်ဆိုးပြန်ပါတယ် ။

" ဖွားဖွားရေ !! "

သူ ဆူပုတ်နေတုန်း ရုတ်တရက်ဘေးက ထွက်လာတဲ့ အသံဆာဆာလေးတစ်ခုကြောင့် ဆောင်ဟွန်း ထိုအသံပိုင်ရှင်ကို မျက်လုံးထောင့်ကပ်ပြီး ကြည့်လိုက်တယ် ။ ဒီကလေးက သူ့လိုမျိုး ဒုတိယတန်းကလေးရော ဟုတ်ရဲ့လား ။ ခေါင်းမှာလည်း ဝက်ဝံနားရွက်နှစ်ခုပါတဲ့ အဝါရောင် ဦးထုပ်ကို စွပ်ထားသေးတာ ။

Love, flaws and all [ Sungjake ] Where stories live. Discover now