04

527 89 13
                                    

Unicode

Chapter 4

" ဆရာမကို ဘာပြောခဲ့တာလဲ ဖွားဖွား "

ကျူရှင်ကို ကိုယ်တိုင်သွားပြောမှ ကျေနပ်မယ်ဆိုပြီး ထွက်သွားတဲ့ ဖွားဖွားက ပြန်လာတော့လည်း ရေကို တဂွပ်ဂွပ်မော့သောက်ကာ ဂျယ်ယွန်းရဲ့ စူးစမ်းချင်သလို အမေးတွေကို ဖြေမလာသေး ။

" ဖွားဖွားလို့.. "

" ဘာပြောရမလဲ.. ဖွားမြေးကို အနိုင်ကျင့်တဲ့ အဲ့ကောင်တွေကို ကျူရှင်က ထုတ်ပေးဖို့ပေါ့ "

" အဲ့ဒါ ဆရာမက သူ့အမေကို ခေါ်ပြီးပြောလိုက်မယ်တဲ့ "

" သနားပါတယ် ဖွားဖွားရယ် "

မျက်နှာငယ်လေးနဲ့ ထိုင်ခုံမှာဝင်ထိုင်လိုက်တဲ့ ဂျယ်ယွန်းကို ဖွားဖွားရော စားပွဲတွေကို အဝတ်နဲ့သုတ်နေတဲ့ ဆောင်ဟွန်းရောက အံ့ဩသလိုကြည့်လာတယ် ။ ဘယ်သူက ဘယ်သူ့ကို သနားနေတာလဲ ။

ညနေခင်းမို့ ဖွားဖွားရဲ့ ခေါက်ဆွဲဆိုင်လေးက လူအတော်ရှင်းပါတယ် ။ အခြားမသိတဲ့ သူစိမ်းတစ်ယောက်က မြင်လျှင်တော့ ဆိုင်ပိုင်ရှင်က ဆောင်ဟွန်းဖြစ်ပြီး ဂျယ်ယွန်းနဲ့ဖွားဖွားက ဧည့်သည်မြေးအဖွားနှစ်ယောက်နဲ့ တူပါလိမ့်မယ် ။

" ဘာကို သနားတာတုန်း "

" သူ့မေမေက ပိုက်ဆံမရှိဘူးထင်တယ် ဖွားဖွားရဲ့ "

ဂျယ်ယွန်းရဲ့ မျက်နှာချင်းဆိုင်မှာ ဖွားဖွားက ဝင်ထိုင်တော့ ဆောင်ဟွန်းလည်း သုတ်လက်စ အဝတ်ကို ခါးကြားထဲထည့်ကာ ခေါက်ဆွဲလုပ်ဖို့ အနောက်မီးဖိုချောင်ထဲကို ဝင်သွားတယ် ။ သေချာပေါက်လည်း နားကိုစွင့်ထားတုန်းပေါ့ ။

" ကျူရှင်မှာဆိုလည်း သူများတွေ မုန့်စားနေတဲ့ အချိန် သူ့မှာ မစားနိုင်ဘူး.. စကားတော့ အများကြီးမပြောဖူးပေမဲ့ မုန့်စားချိန်ဆို သားက အမြဲ ကျွေးပါတယ်..ဒါပေမဲ့ သူက ရှက်လို့ မစားတာနေမယ် "

" အခုလည်း မုန့်စားချင်လို့ သားပိုက်ဆံကို လုသွားတာ ထင်တယ်.. သူ့မေမေက မုန့်ဖိုးမပေးလို့လေ "

Love, flaws and all [ Sungjake ] Where stories live. Discover now