10

684 85 14
                                    

Unicode

Chapter - 10

" အဲ့ဒါ ကစားသမား ဆုန်းဂျီဟူရဲ့ သားတဲ့.. "

" ဘယ်ကသာ.. ဘာမှ မတော်ဘူး.. အဲ့ဒါ သူ့ အချစ်ဦးရဲ့ သားလေးတဲ့လေ "

" သူ့အချစ်ဦးက သူ့အမနဲ့ ညားပြီး ရတဲ့ကလေး.. "

" ဟာ အဲ့ဒါ အမျိုးတော်တာပဲလေ.. "

" အေး ဟုတ်သားပဲနော် "

" နေအုံး အဲ့တော့ ဘာလဲဆုန်းဂျီဟူက.. ဂေးလား "

" မထင်ရဘူးမလား.. လက်ဝှေ့ကစားတယ်ဆိုလို့ အထင်ကြီးနေတာ ဂေးဖြစ်နေတာလေ.. "

" တော်သေးတယ်.. ဆိုးလ်ကို မပြောင်းလာခင်က အမေက ငါ့ကို အဲ့ အားကစားရုံမှာ လက်ဝှေ့သင်တန်းတက်ခိုင်းတာ.. အမလေး တော်သေးတယ် မတက်ခဲ့တာ "

လက်မောင်း နှစ်ဖက်ကို ကြက်သီးထသွားသလို ပွတ်သပ်လိုက်ပြီး ပေါ်ပေါ်ထင်ထင် မသတီစရာတစ်ခုကို ခြေနင်းမိသလို လုပ်နေတဲ့ အတန်းဖော်တွေက ဆောင်ဟွန်းစိတ်ကို သွေးတိုးစမ်းနေသလားတော့မသိ ။

မေမေနဲ့ ဆိုးလ်ကို လိုက်လာပြီးတဲ့နောက် သူ မတူးဆွဖို့ ဆုံးဖြတ်ထားတဲ့ လေးလေးရဲ့ ဇာတ်ကြောင်းတွေက နားမထောင်ချင်မှ အဆုံးပဲ ။

လေးလေးရဲ့ အချစ်ဦးဟာ မြင်တောင် မမြင်ဖူးလိုက်ရတဲ့အဖေဆိုသူမှန်း သိတော့ ဘာကြောင့် အမေနဲ့အဖေရဲ့ ပုံဟာ လေးလေးလက်ထဲမှာ နှစ်ခြမ်း တိပခံထားရသလဲ နားလည်လာသလိုမျိုး ။

တစ်ဦးတစ်ယောက်ရဲ့ ပုံပြင်မှာ လေးလေးဟာ လူဆိုးကြီး ဖြစ်မှန်းမသိဖြစ်နေခဲ့ရတာ ဘယ်လောက်တောင်မှ ခံပြင်းစရာကောင်းလိုက်သလဲ ။ အရင်ချစ်ခဲ့ရပြီး ထိုသူက တခြားအမျိုးသမီး တစ်ယောက် လက်ကို ဆွဲသွားတဲ့အခါ ဘယ်လို မမြင်ချင်ယောင်ဆောင်ခဲ့သလဲ ။ ထို တခြား အမျိုးသမီးဆိုသူဟာ ကိုယ့်သွေးသား ကိုယ့်အမဖြစ်နေတော့ ဘယ်လောက်ပြိုလဲခဲ့လိုက်မလဲ ။

အမှန်ဆို အမေရော အဖေရော စိတ်အထိအခိုက်နည်းအောင် အဝေးမှာ တစ်ယောက်တည်း ပုန်းလျှိုးကွယ်လျှိုးနဲ့ တစ်သက်လုံးစာအတွက် အချစ်တွေကို သိမ်းထုတ်ရင်း နေသွားတဲ့ သူ့လေးလေးဟာ လူတွေ သမုတ်စရာ နှာခေါင်းရှုံ့ချင်စရာ အရက်သမားလုံးလုံးဖြစ်ခဲ့ရတာမလား ။

Love, flaws and all [ Sungjake ] Where stories live. Discover now