03

563 85 13
                                    

Unicode

Chapter 3

ဆောင်ဟွန်းတစ်ယောက် ကြိုးဝိုင်းထဲမှာ နေ့နေ့ညည လေ့ကျင့်ရေးဆင်းနေရတာ အခုဆို နှစ်ပတ်လောက်ရှိနေပြီ ။ လက်မှာ စွပ်ထားတဲ့ အနီရောင်လက်ဝှေ့အိတ်တွေကို မမြင်ချင်မှ အဆုံးပဲ ။ ချွေးစက်ချွေးပေါက်တစ်ချို့ ဆံပင်တွေကနေ တစ်ဆင့် သူ့ခြေဖမိုးပေါ် ခုန်ပေါက်ဆင်းသွားတာလည်း သူ့အားထုတ်မှုတွေရဲ့ သက်သေအချို့အဝက်ပဲလား ။

နည်းပြတစ်ဖြစ်လည်း ဆောင်ဟွန်းရဲ့လေးလေးဟာ ကိုယ်ပိုင်အားကစားရုံထဲက လက်ဝှေ့သင်တန်းမှာ အခြားကစားသမားတွေထပ် သူ့ကို လေ့ကျင့်ချိန်ပိုတိုးထားပြီး ပိုလည်း မောင်းပါတယ် ။ သူဒီအားကစားကို စိတ်မဝင်စားပါဘူး ပြောထားပါရက်နဲ့ကိုလေ ။

" ခနနားပြီးရင် သဲအိတ်နဲ့ လေ့ကျင့်ဖို့ အောက်ဆင်းလာခဲ့ "

လေးလေးက လက်မှာစွပ်ထားတဲ့ လေ့ကျင့်ရေးလက်အိတ်တွေကို ချွတ်ပြီး ကြိုးဝိုင်းထဲက ထွက်သွားတယ် ။ ဆောင်ဟွန်းကတော့ ချွေးတွေနစ်နေတဲ့ အင်္ကျီတစ်ထည်နဲ့ ကြမ်းပြင်ပေါ်ပစ်လဲ ချပြီး မမှန်တော့တဲ့ လေဝင်လေထွက်ကို အမိဖမ်းနေရတုန်းပဲ ။

လေးလေးက သူ့ကို လာမဲ့ လူငယ် အငယ်တန်းလက်ဝှေ့ပြိုင်ပွဲပါ ဝင်ပြိုင်စေချင်တဲ့ သဘောရပါတယ် ။ မကြိုက်တဲ့အရာမို့ သူက ငြင်းခွင့်ရှိမှာတဲ့လား ။ အမှန်ဆို လေးလေးက သူ့ကျေးဇူးရှင်ပဲ ။ ဒီအရွယ်ထိ ကျွေးမွေးစောင့်ရှောက်ထားတာနဲ့တင် သူက လေးလေးရဲ့ စကားကို မြေဝယ်မကျ နားထောင်ဖို့ သင့်နေပြီ ။

ငယ်ငယ်လေးတုန်းတော့ မေမေသူ့ကို ပြန်လာခေါ်ဖို့ မျှော်လင့်ခဲ့ပေမဲ့ အရွယ်ရောက်လာတာနဲ့အမျှ သူသိလာရတာဟာ လေးလေးက သူ့ကို အတင်းခေါ်လာခဲ့တာမဟုတ်ပဲ ၊ မေမေကိုယ်တိုင်က သူ့ကို စွန့်ပစ်ခဲ့တာပဲ ။ မိသားစုအသစ်တစ်ခု တည်ဆောက်ဖို့ သူ့ကို မေမေက စွန့်ပစ်ခဲ့တာ ။

အလယ်တန်းတုန်းက ညသန်းခေါင်မှာ လေးလေးနဲ့ မေမေ ဖုန်းကနေတဆင့် စကားများနေတဲ့အသံတွေကို အမှတ်မထင် သူနားထောင်ခဲ့ရတာ ။ စကားလုံးကြမ်းတွေနဲ့ ရန်ဖြစ်ပြီးရင်တော့မာနကြီးတဲ့ လေးလေးက မေမေ့ပိုက်ဆံတွေကို တပြားတချပ်မှ လက်မခံပဲ အကုန်ပြန်လွှဲပါတယ် ။

Love, flaws and all [ Sungjake ] Where stories live. Discover now