Part-1

1K 25 6
                                    

Unicode

"ညီမလေးရေ ညီမလေး"

ဖိနပ်ကို သေသပ်စွာချွတ်နေရင်း အိမ်တံခါးဝကနေ ညီမဖြစ်သူကို လှမ်းခေါ်လိုက်သည်။

"ငယ်လေးရေ ကိုကိုပြန်လာပြီလေ ဘယ်ရောက်နေတာလဲ ထွက်လာခဲ့ပါအုံး မုန့်တွေလည်းပါလာတယ်နော်"

ညီမအကြိုက် မုန့်ထုပ်လေးကို ပိုက်ကာ ဧည့်ခန်းထဲဝေ့ကြည့်သည်။

"ပုန်းမနေနဲ့တော့ ကိုကိုပင်ပန်းလာတယ်ဗျာ ကိုကို့ညီမလေးကို တွေ့ချင်တယ်"

ဆိုဖာပေါ်ထိုင်ချရင်းက သူ့ညီမလေးကို ချော့မြူသလိုခေါ်နေပေမဲ့ ပြန်ဖြေသံက လုံးဝမကြားရ။ပုံမှန်ဆို သူအလုပ်ကပြန်လာချိန်တိုင်း အောက်မှာရပ်စောင့်နေတတ်တဲ့ကလေးက ခုရက်ပိုင်း အခန်းဝတွင်သာရပ်စောင့်သည်။ဘာဖြစ်လို့အောက်ဆင်းမလာတာလဲလို့ မေးမိတိုင်း ညီမလေးခုတလော နေသိပ်မကောင်းလို့ပါ ဆိုပြီးပြန်ဖြေတာမို့ သူလည်းအောက်ကနေမစောင့်ခိုင်းတော့တာ။ဒါပေမဲ့ ဘယ်လောက်ပဲနေမကောင်းဘူးပြောပြော သူ့ပြန်လာချိန်မှာတော့ အမြဲအပြုံးလေးနဲ့တံခါးဝရှေ့ရပ်စောင့်တတ်ပြီး နောက်ကျရင်လည်း ကိုကိုနောက်ကျတယ် ဟု ဆူပူသလိုပြောတတ်တဲ့ညီမလေးက ခုတော့သူ့အသံကြားတာတောင်ထွက်မလာလေတော့ စိတ်များကောက်နေတာလို့တွေ့မိရင်း ပြုံးမိရသေးတယ်။ဒီနေ့က ပုံမှန်ထက်ပိုနောက်ကျနေတာမို့ သူ့ကိုကောက်မယ်မှန်းသိပြီးသား အဲ့တာကြောင့်လည်း သူ့အကြိုက်မုန့်လေးတွေဝယ်လာပြီး ချော့ဖို့လုပ်ထားတာ။

"ငယ်လေး ကိုကိုတောင်းပန်ပါတယ် ဟုတ်ပြီလား ထွက်လာခဲ့တော့နော် ဒီမှာ ဖက်ထုပ်တွေလည်းပါလာတယ်လေ ကြိုက်တယ်မလား ခုထွက်မလာရင် ကိုကိုအကုန်စားပစ်မှာ"

ပုံမှန်ဆို အဲ့လိုပြောလိုက်တာနဲ့ ပြဲလန်နေအော်ပြီးထွက်လာတဲ့ ညီမလေးက ခုဆိုခြေသံပင်မကြားရတာမို့ စိုးရိမ်စိတ်တို့က ထိပ်ဆုံးရောက်လာလေသည်။

"ညီမလေး......ဖေးလျန်ရေ"

အိမ်ထဲဟိုကြည့်သည်ကြည့်နဲ့ရှာပေမဲ့ လုံးဝမတွေ့ပဲ အခန်းတံခါးလေးပိတ်ထားတာတွေ့တော့မှ သူ့အခန်းထဲမှာရှိမှန်းသိပြီး သက်ပြင်းချရသည်။

Darling,you look perfect "TONIGHT"Where stories live. Discover now