Chapter 4

3.4K 448 9
                                    

အခန်း၄

အဲ့လန့်စရာလူကို နောက်တစ်ခေါက်ပြန်တွေ့ခဲ့တာ တက္ကသိုလ်ထဲမှာ

မင်းတို့လဲမထင်ထားဘူးမလား ငါလဲမထင်ထားဘူးဟ

ဘယ်လိုဖြစ်လဲဆိုတော့ ငါ့စာမေးပွဲကြီးပြီးသွားတော့ စီးပွားရေးဌာနက နာမည်ကြီးစီးပွားရေးသုတေသနအဖွဲ့အနည်းငယ်ကိုလက်ခံပြီး နိုင်ငံခြားကျောင်းသားဖလှယ်တဲ့ပရိုဂရမ်ကို စလုပ်‌ရော အစကတော့ ငါနဲ့တခြားဂျုနီယာတွေဝင်ပါစရာမလိုတဲ့အထူးသီးသန့်ပွဲလိုလုပ်ရမှာပေါ့နော်

ဒါပေမဲ့ ဘာကြောင့်မှန်းမသိ ဘဏ္ဍာရေးဌာနက စီနီယာတွေက ဗော်လန်တီယာဆိုပြီးကူဖို့ ငါ့ကိုဆွဲခေါ်သွားတော့တာပဲ

ဘာကြောင့်လဲဆိုတော့ ငါက အိမ်ပြန်ဖို့လျော့ဈေးရထားလက်မှတ်ကို အလစ်မသုတ်နိုင်ခဲ့တဲ့ တစ်ဉီးတည်းသောလူပဲ

ငါလဲမတတ်နိုင်ဘဲ တက္ကသိုလ်မှာ ခနနေလိုက်ရတယ်
ဒီဗော်လန်တီယာခရီးကသာ ငါ့ရဲ့ အဖြောင့်ကောင်တစ်ယောက်အနေနဲ့ တည်ဆောက်ထားခဲ့ရတဲ့ ဣ‌ေနြ္ဒသမာဓိတွေရဲ့ နောက်ဆုံးအုတ်ဂူဖြစ်နေမယ်ဆိုတာသာသိခဲ့ရင် လျော့ဈေးရထားလက်မှတ်တွေဘာတွေထက် လေယာဉ်စီးပြီးတော့ကို အိမ်ပြန်ပစ်လိုက်မယ်

ကံမကောင်းစွာဘဲ ရွှေတစ်သောင်းက မဖြစ်လာသေးတဲ့ကိစ္စတွေအတွက် သတင်းဝယ်ဖို့မဖြစ်နိုင်ဘူး ငါ့ရဲ့ပြိုလဲသွားတဲ့ ၊ ရွံ့ဗွက်ထဲ ပြုတ်ကျသွားတဲ့ငါ့ရဲ့ဖြူစင်ခြင်းကိုလဲမဝယ်ပေးနိုင်တော့ဘူး

ငါမှတ်မိသေးတယ် နေသာတဲ့နေ့လည်ခင်းလေးမှာ ကောင်းကင်ကြီးတစ်ခုလုံးက ကြည်လင်နေခဲ့တာ ငါ့ထက်တောင်ရှည်တဲ့ပလတ်စတစ်သင်ပုန်းတွေကိုသယ်နေခဲ့တာ ချွေးတွေကပုံးလိုက်ထွက်နေခဲ့ပြီး တက္ကသိုလ်ရှေ့ကအဆောက်အဉီးလှေကားကိုတစ်ထစ်ချင်းတက်နေခဲ့တာ လုံးဝစိတ်ပျက်လက်မှိုင်ချနေတုန်းမှာပဲ စီနီယာအစ်မလှလှတစ်ယောက် ဒေါက်ဖိနပ်နဲ့အဆောက်အဉီးထဲကထွက်လာပြီး ငါ့ကိုလာနှုတ်ဆက်တယ်”ရှောင်ရှ ပင်ပန်းသွားပြီ”

မျက်လုံးတွေအရောင်လက်သွားပြီး စိတ်အေးလက်အေးအပြုံးလှလှလေးပြန်ပြလိုက်သည် ကျောကိုမတ်ပြီး နောက်နည်းနည်းလောက် ခြေလှမ်းတွေကိုတစ်ရွတ်တိုက်ဆွဲသွားလိုက်တယ် သင်ပုန်းကိုချဖို့လုပ်လိုက်တဲ့အချိန်မှာ မထင်မှတ်ထားတဲ့အသံအကျယ်ကြီးကြောင့် ငါ့နားကွဲသွားတယ်

ငါက ဂေးဘားမှာအလုပ်လုပ်နေတဲ့ အဖြောင့်လေးတစ်ယောက် (Unicode) [COMPLETE] Where stories live. Discover now