Chapter 14

2.4K 385 11
                                    

အခန်း ၁၄

ငါအိပ်လို့မရဘူး

ဘဝအကြောင်းတွေးတောရင်းဖင်လှည့်ခေါင်းလှည့်နဲ့ သန်းခေါင်ထိ လုံးဝအိပ်မပျော်ဘူး

ကွေးဖို့နဲ့မကွေးဖို့ ဒါကအဖြေရှာစရာပဲ

ဒီနေ့တစ်နေ့လုံးဖြစ်ခဲ့တာတွေက ငါထွက်ပြေးနေရုံနဲ့မပြီးဘူးဆိုတာ သိသွားစေတယ် ရင်ဆိုင်ဖြေရှင်းပြီး အဖြေထုတ်ရမယ်

မငြင်းနိုင်တဲ့အချက်က ငါတခြားယောကျ်ားတစ်ယောက်ကို တုံ့ပြန်မှုရှိနေတယ် ဒါပေမဲ့ AVတွေကိုတော့ ဘာမှမခံစားရဘူး

ငါ့ငယ်သူငယ်ချင်းပြောတဲ့ "နင်က အဲ့လူရှန်တျဲကိုစိတ်ဝင်စားနေတာ" ဆိုတာ ကောက်ချက်ကိုနားထောင်မဲ့အစား ငါတကယ်ပဲကွေးသွားပြီဆိုတာပဲ ယုံလိုက်မယ် ငါကွေးသွားတဲ့ပုံကပုံမှန်လိုမဟုတ်နေတာတစ်ခုပဲ

အပြစ်တင်ရမယ်သာဆို အဲ့ကောင်ကိုပဲအပြစ်တင်ရမှာ သူများတကာကို မြူဆွယ်လိုက် ဖလစ်လိုက်လုပ်နေတဲ့ ဆွဲဆောင်မှုရှိတဲ့သူ့မျက်နှာကိုပဲအပြစ်တင်ရမှာ AVတွေထဲကအဲ့လူတွေကို ငါတစ်စက္ကန့်လေးတောင်မကြည့်နိုင်ဘူး ဖာ့ခ်

သေစမ်းကွာ ငါအနာဂတ်မှာ ဘယ်လိုချစ်ရတော့မလဲ

မဖြစ်ဘူး ငါအဲ့ကောင်နဲ့ဝေးဝေးနေမှဖြစ်မယ် ဒီလိုဆက်သွားနေရင် အန္တရာယ်များတယ်

အကြွေးပေးစရာ ၂၀၀၀ယွမ်ကျန်သေးပေမဲ့လဲ ငါ့ဖြူစင်မှုလေးနဲ့သိက္ခာတွေက ပိုတန်ဖိုးရှိတယ်ကွ တစ်နေ့မှာငါ့သူငယ်ချင်းပြောသလို တကယ်ဖြစ်လာရင် အဆုံးစွန်ထိကိုတွန်းပို့ခံရရင်...ဖာ့ခ် စဉ်းတောင်မစဉ်းစားရဲဘူးဟေ့

ဟင်အင်း ဟင်အင်း ဟင်အင်း လုံးဝမဖြစ်ဘူး အားလုံးရှင်းသွားအောင် မနက်ဖြန်သူနဲ့တွေ့ရမယ် ငါဖြူစင်မှုလေးကိုကယ်တင်ပြီး ငါ့ပုခတ်ထဲမှာလုံလုံခြုံခြုံဖွက်ထားရမယ်

နောက်ဆုံးတော့ ခနလောက် အိပ်ပျော်သွားပေမဲ့ အာရုံတက်လောက်မှာ ငါ့နိုးစက်အသံကြောင့်နိုးသွားတယ်

အိပ်ယာထဖို့ရုန်းကန်ရင်း ပထမဆုံးငါလုပ်တဲ့အရာက ငါ့ခေါင်းအုံးအောက်ထဲလက်နှိုက်ပြီး အနီရောင်ပိုက်ဆံထုပ်ကိုထုတ်လိုက်တယ်
ခနလောက် ကြည့်ပြီးချိန််မှာ သူတို့နဲ့မခွဲချင်တော့ဘူး ငါတစ်ဝက်ကိုရေပြီး ငါ့ရှပ်အိတ်ကပ်ထဲထည့်လိုက်တယ်
မနေ့က မိုးစိုသွားတာကြောင့်လားတော့မသိဘူး အိပ်ယာမထခင် နှာနှစ်ချက်လောက်ချေသွားတယ် ခေါင်းလဲနည်းနည်းမူးနေတာကြောင့် ဆေးနှစ်လုံးသောက်လိုက်တယ်

ငါက ဂေးဘားမှာအလုပ်လုပ်နေတဲ့ အဖြောင့်လေးတစ်ယောက် (Unicode) [COMPLETE] Where stories live. Discover now