Extra Ten

2.3K 327 25
                                    

အချပ်ပို ၁၀

ရှကျီဆိုဖာပေါ်မှာ နေမထိထိုင်မထိဖြစ်နေပြီး နှစ်စက္ကန့်တိုင်း ထိုင်တဲ့ပုံစံပြောင်းနေတယ်

လွန်ခဲ့တဲ့နာရီဝက်လောက်က ရှန်တျဲကို သူ့ပါးပါးက စာကြည့်ခန်းထဲခေါ်သွားပြီး အခုထိမထွက်လာသေးဘူး
သူ့စိတ်ထဲမှာ ဖြစ်နိုင်တဲ့ဇာတ်လမ်းတွေတစ်ရာလောက်စိတ်ကူးကြည့်တယ် ကောင်းကောင်းမွန်မွန်လေး လမ်းလျှောက်ပြီးဝင်သွားတဲ့သူ့ကောင်လေးကိုစိတ်ပူနေတယ်ဆိုပေမဲ့ ဇာတ်လမ်းတိုင်းက တွေးကြည့်လို့မရတာတွေနဲ့ သေတာတွေပဲထွက်လာနေတယ်

ရှကျီမားမားက သူ့ဘေးမှာထိုင်ကာ သူ့မသားရဲ့အဆက်မပြတ်တုန်နေတဲ့ခြေထောက်ကိုထိုင်ကြည့်နေတယ် သူမသက်ပြင်းချလိုက်တယ် မေးခွန်းမေးချင်စိတ်လဲကုန်သွားပြီ သူမထပြီး မီးဖိုချောင်ထဲဝင်သွားလိုက်တော့တယ်

သူမားမားထသွားတာနဲ့ ရှကျီချက်ချင်း ဆိုဖာပေါ်ကထခုန်ပြီး စာကြည့်ခန်းနား ခုန်ပေါက်သွားလိုက်တယ် သူ့နားကိုတံခါးနားကပ်ထားပြီး အထဲကိုနားထောင်ကြည့်တယ်

လူသံတွေတိုးတိုးလေးပဲကြားရပြီး ဘာပြောနေကြတာလဲ လုံးဝမကြားရဘူး

သေလိုက်ပါတော့ကွာ ဒီရပ်ကွက်အစုတ်က ပြိုကျခါနီးနေတာတောင် ဘာကိစ္စ အသားကုန်အသံလုံနေတာလဲဟ

ရှကျီသူနားထောင်နေတဲ့ထောင့်ကိုပြောင်းလိုက်ပြီးနောက် ရုတ်တရက် အထဲကနေ ပြုတ်ကျသံအကျယ်ကြီးကြားလိုက်တယ် သူ့စိတ်ကဘာမှတွေးမရတော့ပဲ တံခါးကိုကန်ဖွင့်ကာ အတင်းပြေးဝင်သွားတယ်
“ပါး,ညှာတာပါအုံး”

သူစိတ်ကူးကြည့်ထားတဲ့ရင်ကွဲစရာအဖြစ်က သူ့မျက်စိရှေ့မှာ ဖြစ်မနေဘူး ရှန်တျဲက တည်ငြိမ်ပြီးစိတ်အေးတဲ့မျက်နှာနဲ့စားပွဲရှေ့မှာရပ်နေပြီး တစ်ဖက်မှာသူ့ပါးပါး မျက်နှာကမှောင်မိုက်နေပြီး ကြမ်းပြင်ပေါ်ကျနေတဲ့ပန်းအိုးကို ငေးကြည့်နေတယ်
ရှကျီ : “ဘာ- ဘာတွေဖြစ်နေတာလဲ”

ရှန်တျဲလျှောက်သွားလိုက်ပြီး ကြမ်းပြင်ပေါ်ကြေမွနေတဲ့ သစ်ခွပန်းကိုကောက်လိုက်ပြီး စာအုပ်စင်ရဲ့ထိပ်မှာပြန်တင်လိုက်တယ် “ဉီးလေး,သတိထားပါ”

🎉 You've finished reading ငါက ဂေးဘားမှာအလုပ်လုပ်နေတဲ့ အဖြောင့်လေးတစ်ယောက် (Unicode) [COMPLETE] 🎉
ငါက ဂေးဘားမှာအလုပ်လုပ်နေတဲ့ အဖြောင့်လေးတစ်ယောက် (Unicode) [COMPLETE] Where stories live. Discover now