Chapter 3

3.5K 524 13
                                    

အခန်း၃

အဲ့ဒီထိတ်လန့်စရာအတွေ့အကြုံကို ကုစားဖို့ မိနစ်သုံးဆယ်လောက်အချိန်ယူလိုက်ရတယ်

အိပ်ယာထဲကနေ အတင်းကုန်းထပြီး ရိုးရိုးရှင်းရှင်းပဲ လေးဖက်ထောက်ပြီး ရေချိုးဖို့ ရေချိုးခန်းထဲဝင်သွားလိုက်တယ်

ငါ့အသက်ရှင်ချင်တဲ့ဗီဇက လွှမ်းမိုးခံသွားပြီး မခံစားမိခဲ့ပေမဲ့ အခုတော့ အေးဆေးဖြစ်သွားတဲ့အချိန်မှာ အသေနာတဲ့နာကျင်မှုကြီးက ငါ့ခါးအနောက်ဘက်ကနေ မြီးညှောင့်ရိုးထိ နာတက်လာတယ် မှန်ရှေ့မှာ အကျီလှန်ပြီး စစ်ကြည့်လိုက်တော့ ငါ့ကျောမှာ အညိုကွက်အကြီးကြီးတစ်ခုကိုတွေ့လိုက်ရတယ်

ဖာ့ခ် ဂေးလို့ဟန်ဆောင်မိတဲ့ ကျေးဇူးက အတော်ကြီးတာပဲ သိက္ခာတွေလဲမရှိတော့ဘူး ပထမဆုံးအနမ်းလဲမရှိတော့ဘူး ငါ့ခါးပါကျိုးသွားသေးတယ်

ဒါပေမဲ့ ကိစ္စမရှိပါဘူး ငါ့လူပျိုဘဝလေးက အခုထိရှိပါသေးတယ် အချိန်မရွေး အားမာန်အပြည့်နဲ့ တက်ကြွတဲ့အဖြောင့်ကောင်လေးအနေနဲ့ ပြန်လာလို့ရပါသေးတယ်ကွ

ဒီညအဖြစ်တွေက ငါ့ရဲ့အဖြောင့်ကောင်ဘဝလမ်းမှာ နည်းနည်းလောက် ကြက်ခွပ်လှိုင်းလေးထသွားရုံလောက်ပဲလို့ ငါအသေအချာယုံတယ် ငါဒီသွေးဆောင်မှုတွေကိုမမြင်ချင်ယောင်ဆောင်ထားသ၍ လှည့်မကြည့်ဘဲ ရှေ့ဆက်သွားနေသ၍ ဒီသောက်ရှုပ်တွေက ထပ်ဖြစ်စရာအကြောင်းမရှိ၊
ငါ့အဲ့ဘားကို ဒီနေ့ကစပြီးမသွားတော့ဘူးလေ အာ့ကြောင့် အဲ့လူနဲ့ထပ်တွေ့စရာလဲမရှိတော့ဘူး

ခန, ငါ့အိတ်ကပ်ထဲက လေးလေးကြီးက ဘာလဲဟ

အိတ်ကပ်ထဲနေ အသာလေးဆွဲထုတ်လိုက်ပြီး ပန်းရောင်သန်းနေတဲ့ အဖိုးတစ်ယောက်ရဲ့ဖော်ရွေတဲ့အပြုံးကိုမြင်လိုက်ရတယ်
(တရုတ်ယွမ်ငွေပုံကလူပါ)

အိုဟိုး,လူငယ်လေး ငါနဲ့တွေ့ရလိမ့်မယ်လို့မထင်ထားဘူးမလား

သောက်ဂွပဲ

ငါဘုရားမှာကျိန်တယ် ငါ့ဘဝမှာနောက်တစ်ခါ ဘာအလံတစ်ခုမှမထောင်တော့ဘူး

ငါတကယ် ဆင်ခြင်တုံတရားတွေကိုလွှတ်ပစ်ပြီး ဒီပိုက်ဆံတွေကို ငါ့ပိုက်ဆံအိတ်ထဲ ထိုးသိပ်ထားလိုက်ချင်တယ် ဒါပေမဲ့ ‘အလေးထားခြင်းငါးမျိုး၊အလှတရားလေးမျိုး’ကိုလက်ကိုင်ထားတဲ့၊ တာဝန်ယူတတ်တဲ့၊ ဖြောင့်မတ်တဲ့လူငယ်လေးတစ်ယောက်အနေနဲ့ ဒီပိုက်ဆံတွေကိုထိလိုက်တာနဲ့ လက်တွေက တုန်လှုပ်ခြင်းတွေနဲ့လောင်ကျွမ်းနေသလိုခံစားရတယ်
(အဲ့ဒါက ယဉ်ကျေးမှုတော်လှန်ရေးအတွက်လိုအပ်ချက်တွေပါတဲ့အလေးထားခြင်းငါးမျိုး-တည်ငြိမ်အေးဆေးသောအနေအထိုင်,အပြူအမူ,တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ပတ်ဝန်းကျင်သန့်ရှင်းရေး,စည်းကမ်း,ကိုယ်ကျင့်တရား/ အလှတရားလေးမျိုး-စိတ်,စကား,အမူအယာ,ပတ်ဝန်းကျင်{t/n: e transကရေးပေးထားတဲ့အတိုင်းပါပဲ ဒို့ဘာမှမသိ})

ငါက ဂေးဘားမှာအလုပ်လုပ်နေတဲ့ အဖြောင့်လေးတစ်ယောက် (Unicode) [COMPLETE] Where stories live. Discover now