နောက်ရက်တွေမှာ တစ်အိမ်တည်းနေကြပေမယ့် ဆော့မက်သရူးက သူ့ကို ရှောင်နေသလို ဟန်ဘင်းကလည်း မက်သရူးရှောင်နေမှန်းသိလို့ သေချာ မတွေ့အောင် နေပေးလိုက်တယ်။
ဒါပေမယ့် ဆယ်ရက်မြောက်နေ့မှာတော့ ဟန်ဘင်းဘက်က တိုက်ဆိုင်မှု့တစ်ခုကို ဖန်တီးလိုက်တယ်။ ဆော့မက်သရူး ကျောင်းသွားတော့ ဟန်ဘင်း ကားကို ကိုယ်တိုင်မောင်းထွက်လာလိုက်တယ်။ ဒါရိုင်ဘာကိုရော အတွင်းရေးမှူးကိုပါ company ကနေ စောင့်ဖို့ မှာထားသလို ဆော့မက်သရူးက အိမ်က ကားမသုံး။ ကျောင်းနဲ့ အိမ်ကို bus ကားနဲ့ တစ်မျိုး တက္ကစီနဲ့တစ်ဖုံသွားခြင်းနဲ့ ဖေဖေ့ရှေ့မှာ မာယာများပြနေတာမို့။ သူ့အမေ လမ်းညွှန်ချက်တွေလည်း ပါမယ်ထင်။ အစကတော့ ဘာမှ မမက်မောပါဘူးပေါ့။ မမက်မောတဲ့သူက သူ့အဖေကို အပိုင်လုပ်ပါ့မလား။ ဟန်ဘင်းမဲ့လိုက်တယ်။ အရှေ့မှာ လမ်းလျှောက်နေတဲ့ ဆော့မက်သရူးနား ရောက်တာနဲ့ ကားကို အရှိန်သပ်ပြီး
"မက်သရူး တက်လေ။ ဟျောင်း လိုက်ပို့ပေးမယ်"
"ရပါတယ် ဟျောင်း။ ကျွန်တော်"
"တက်ပါ။ ဟျောင်းလည်း မက်သရူးတို့ ကျောင်းဘက်ကနေ သွားစရာရှိတယ်"
ဟန်ဘင်း စကားကြောင့် မငြင်းနိုင်ဘဲ ကားပေါ်ပါလာကာ စကားမပြောဘဲ တိတ်နေတာမို့
"နည်းနည်း နေရခက်တယ်မလား"
"ခင်ဗျာ"
"ဟျောင်းတို့ ဆက်ဆံရေးကို ပြောတာ"
"အာ ဟို"
"ဟျောင်းကတော့ နည်းနည်းချင်းစီ ရင်းနှီးရရင် ကောင်းမယ်။ မက်သရူးဘက်က အဆင်ပြေရင်ပေါ့"
ကားက မက်သရူး ကျောင်းရှေ့ရောက်တော့ ရပ်လိုက်ပြီး
"ညနေတော့ ဟျောင်း လာမကြိုပေးနိုင်ဘူးနော်"
"အာ ဟုတ်ကဲ့ ရပါတယ်။ ကျွန်တော် တက္ကစီနဲ့ပဲ"
"ဟျောင်း ဒရိုင်ဘာလွှတ်ပြီး ကြိုခိုင်းပေးမယ်"
"အာ မဟုတ်တာ ရပါတယ်"
"မက်သရူးက YN group ရဲ့သားနော်"
"အာ ဟုတ် ဟို ကျေးဇူးတင်ပါတယ် ဟျောင်း"
ဆော့မက်သရူးကျောင်းရှေ့က ထွက်လာတော့ ငါ့ရှေ့မှာ ဖြူစင်ပြမနေနဲ့ ဆော့မက်သရူး။ မင်းက သေချာပေါက် လောဘတက်မှ ရမယ်။ မင်းအမေလိုပေါ့။ လောဘတွေနဲ့ အမြင့်ကို တက်လာခဲ့ ဆော့မက်သရူး။ မင်းအမေရဲ့ တစ်ခုတည်းသောအားနည်းချက်က မင်းမိုလို့။