Part 5

381 54 3
                                    

ဟျောင်းကို ဖွင့်ပြောလိုက်မိတဲ့အထိ မြန်သွားတဲ့ ကိုယ့်ကိုယ်ကို မက်သရူး အပြစ်တင်မိတယ်။ ထွက်သွားတဲ့ ဟျောင်းနောက်ကျောကို ကြည့်ပြီး အငြင်းခံလိုက်ရတာပဲဆိုတဲ့ စိတ်က တပူပေါ် တပူဆင့်။ ရေကူးကန်ထဲ နောက်တစ်ကြိမ်ပြန်ဆင်းလိုက်ရတယ်။ အမြင့်ဒိုင်ဗင်တော့ မထိုးဖြစ်။ ဒီရက်ပိုင်း ဟျောင်းကို မတွေ့ရဘဲ ရှောင်လို့ရရင် ကောင်းမယ်။

ရှောင်ချင်ပါတယ်ဆိုမှ မနက်စာ ထမင်းအတူစားဖို မားမားက လာခေါ်နေတယ်။ ပြောစရာရှိလို့တဲ့။ ထမင်းစားဝိုင်းမှာ မက်သရူးကို သေသေချာချာ စိမ်းသက်နေတဲ့ ဟျောင်းကို ကြည့်ပြီး ရင်နာရတယ်။

“မားမားတို့ Bali ကို ခရီးသွားမလို့လေ။ သားတို့နှစ်ယောက်ပဲ ကျန်ခဲ့မှာဆိုတော့”

“အဆင်ပြေမှာပါ ဟန်ဘင်းလည်း ကျန်ခဲ့တာပဲ။ ပြီးတော့ မက်သရူးလည်း ကလေးမှ မဟုတ်တော့တာ။ သားက ညီလေးကို စောင့်ရှောက်လိုက်နော်။ ဖေဖေတို့လည်း မကြာပါဘူး”

“ဟုတ် ကုပ္မဏီကိုရော မက်သရူးကိုရော စိတ်ချပါ ဖေဖေ”

ဟျောင်းက လူကြီးတွေရှေ့ ဟန်ဆောင် နေနိုင်ပေမယ့် မက်သရူးကတော့ မားမားလည်း မရှိတဲ့ အပြင် တစ်ယောက်တည်း ကျန်ခဲ့ရမှာကိုတွေးကာ မျက်နှာမှာ မပြုံးနိုင်တော့။

“သားကလေ ကလေးလိုပဲ”

မားမားက သူ့ကို ဖက်ရင်းပြောတော့ ကော်ဖီသောက်ရင်း ပြုံး ကြည့်နေတဲ့ ဟျောင်း။ အဲ့ဒီအပြုံးတွေပဲ ဟျောင်း ကျွန်တော်ချစ်ရခြင်းတွေ။

မားမားတို့ ခရီးသွားတော့ မက်သရူး ဟျောင်းကို မတွေ့အောင်ပဲ ရှောင်နေလိုက်တယ်။ ကမ္ဘာကြီးက ကျဉ်းပေမယ့် ရှောင်နေချင်တဲ့သူရယ် မတွေ့ချင်တဲ့သူရယ်ကို မဆုံဖြစ်အောင်အထိ ဟျောင်းတို့ အိမ်ကြီးက ကျယ်လွန်းပါတယ်။ ဟျောင်း အလုပ်သွားမှ မက်သရူးက ကျောင်းသွားသလို  ဟျောင်းပြန်မလာခင် မက်သရူးက အရင်ပြန်ရောက်တာမို့ အထူးတလည် အပမ်းတကြီးတော့ ရှောင်နေရန် မလိုပါ။ အရင်က ဟျောင်းက ကားကြုံ ခေါ်တတ်ပေမယ့် အခုတော့ ဟျောင်းကလညး် မခေါ်သလို မက်သရူးကလညး် ရှောင်နေတာမို့ အသွားအပြန်က ခါတိုင်းလိုပင် ကိုယ့်အစီစဉ်နှင့်ကိုယ်ပင်။ မက်သရူး ခုထိ ဟျောင်းတို့ ချမ်းသာခြင်းတွေကို ဇိမ်မခံဝံံ့သေးတာမို့ သုံးဖို့ပေးထားတဲ့ ကားလည်း မသုံးဖြစ်သေး။

Revenge boyWhere stories live. Discover now