Part 8

360 55 1
                                    

ဟန်ဘင်းနိုးလာတော့ မက်သရူးက ရှိမနေ။ အခန်းထဲက ထွက်ပြီး ရှာတော့  ကမ်းခြေမှာ လှိုင်းစီးနေတဲ့ ဆော့မက်သရူး။ ဟန်ဘင်း မက်သရူးကို စိတ်ဆိုးသွားတယ်။ ပထမနေ့ကို ဟန်ဘင်းကို အိပ်ယာထဲမှာ တစ်ယောက်တည်း ထားခဲ့တာ မဖြစ်သင့်ဘူးမလား။

“ဆော့မက်သရူး”

ဟန်ဘင်းခေါ်သံကြားတော့ မက်သရူးက ကမ်းဘက်ကို ပြန်ကပ်လာကာ

“ဟျောင်းလာလေ ရေလှိုင်းစီးရအောင်”

ဟန်ဘင်း မက်သရူးခေါ်တာကို လျစ်လျူရှု့ပြီး အခန်းထဲပြန်လာလိုက်တယ်။ ဟန်ဘင်း စိတ်ဆိုးမှန်းသိတာနဲ့ မက်သရူးက “ဟျောင်း ဟျောင်း” လို့တသွင်သွင်ခေါ်ရင်းလိုက်ခဲ့ကာ အခန်းထဲရောက်တာနဲ့

“အိပ်ယာထတာကို ဘာလို့ ဟျောင်းကို မစောင့်တာလဲ”

“အာ အဲ့ဒါက”

စိတ်ဆိုးနေပေမယ့်လည်း မက်သရူးက တကယ် အပြစ်ရှိသလိုကြီး ခံစားနေရတဲ့အခါမှာတော့ စိတ်ကောက်ပြေရသူက ဟန်ဘင်းပဲဖြစ်ကာ ဆော့မက်သရူးကိုယ်လုံးလေးကို ပွေ့ဖက်ရင်း

“နောက်ကို ဘယ်တော့မှ ဟျောင်းကို အိပ်ရာထဲမှာ တစ်ယောက်တည်း မထားခဲ့နဲ့”

“ဟုတ်”
@@@@@@@@@@@@@

ဂျယ်ဂျူက ပြန်ရောက်တာနဲ့ ဟန်ဘင်းဖျားတော့တယ်။ မက်သရူးက ဟန်ဘင်းဘေးနာ မခွာ။ ဆေးတိုက် အစားဝင်အောင်ကျွေးတာတွေကို ကလေးတစ်ယောက်လို ဂရုစိုက်နေတာမို ဟန်ဘင်းရယ်လည်းရယ်ချင်သလို ဘဝမှာ မေမေပြီးရင် မက်သရူးက သူ့အပေါ် အကောင်းဆုံး လူသားပင်။ ဆေးအရှိ်န်ကြောင့် ဟန်ဘင်း မှေးခနဲ အိပ်ပျော်သွားပြီး ပြန်နိုးလာတော့ မက်သရူးက သူ့ဘေးမှာ အိပ်နေပြီ။ ဟန်ဘင်းကို ဖက်ထားတဲ့အပြင် လက်တစ်ဖက်က နဖူးကို ရေအေးစိမ်ထားတဲ့ တဘက်က အကပ်မပျက်။ ဟန်ဘင်း မက်သရူး လက်ကို အသာဖယ်တော့ မျက်လုံးပွင့်လာတယ်။

“လူမမာစောင့်က အရမ်းပျင်းနေတာ မဟုတ်ဘူးလား”

“အယ် ဟျောင်းကလည်း အဖျားကူးနေတာပါနော်”

“ဘယ်လို”

“အဖျားကူးနည်းလေ မသိဘူးလား ဟျောင်းက။ ဟျောင်းအဖျားတွေ ကျွန်တော် ယူလိုက်တာလေ”

Revenge boyWhere stories live. Discover now