Part 187

1.8K 213 1
                                    

Unicode

အပိုင်း ၁၈၇

ချီရှောက်ရုန်၏ စံအိမ်တွင်...

မူတင်းရွှယ်က အနီရောင်ဝတ်စုံကို ဝတ်ထားကာ အလွန်လှပနေသည်။

"တင်းရွှယ် အနီရောင်က မင်းနဲ့ အရမ်းလိုက်တာပဲ"
ချီရှောက်ရုန်က ပြောသည်။

မူတင်းရွှယ်က ပတ်ဝန်းကျင်ကိုကြည့်ပြီး ချီရှောက်ရုန်ကို အတန်ကြာစိုက်ကြည့်သည်။
"သခင်လေး ကျွန်တော်ကို တောက်လျှောက် စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

ချီရှောက်ရုန်က မူတင်းရွှယ်ကိုကြည့်ကာ သမီးတစ်ယောက် လက်ထပ်သွားသလို ခံစားချက်မျိုးကို ရလိုက်သည်။

"ရီဖန်ကသာ မင်းကိုအနာဂတ်မှာ အနိုင်ကျင့်တယ်ဆိုရင် ငါ့ကိုလာပြော။ သေချာပေါက် သူ့ကို သင်ခန်းစာ ပေးပေးမယ်"

မူတင်းရွှယ်က ပြုံးသည်။
"အားဖန် သူက...မလုပ်ပါဘူး"

ချီရှောက်ရုန်က ပြုံးသည်။
"တင်းရွှယ် သူ့ကို အရမ်းယုံတာပဲလား"

"အင်း"

အစေခံတစ်ယောက်က ဝင်လာကာပြောသည်။
"သခင်လေး သတို့သားလောင်း ရောက်လာပါပြီ"

ချီရှောက်ရုန်က ခေါင်းညိတ်သည်။
"ငါ သိတယ်"

ရီဖန်က အပြုံးနှင့်ဝင်လာသည်။ သို့သော် မူတင်းရွှယ်ကိုမြင်သည့်အခါ သူ၏မျက်ဝန်းများက တောက်ပသွား၏။ ချီရှောက်ရုန်က ရီဖန်၏ အနီရောင်ဝတ်စုံကို ကြည့်ကာပြုံးသည်။

"အားဖန် မင်းက ဒီနေ့ လင်းထိန်နေတာပဲ"

"သခင်လေး သခင်လေး ဒီလိုအချိန်မှာတောင် နောက်နေတုန်းပဲလား"
ရီဖန်က ရှက်သွားသည်။

ရီဖန်က မူတင်းရွှယ်၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။
"သခင်လေး ကျွန်တော် တင်းရွှယ်ကို ခေါ်သွားပြီနော်"

ချီရှောက်ရုန်က ခေါင်းညိတ်သည်။ ရီဖန်နှင့် မူတင်းရွှယ်တို့၏ ကျောပြင်ကို ကြည့်နေ၏။ ချီရှောက်ရုန်က သူတို့၏ ကျောပြင်ကို ကြည့်နေချိန်တွင် သူ၏ နှုတ်ခမ်းများက ကော့တက်နေသည်။

အမှိုက်ကောင်ပြန်ရှင်လာပြီIIWhere stories live. Discover now