Part 257

954 116 4
                                    

အပိုင်း ၂၅၇

ကျော့ယွန်ဖေးက မျက်လုံးကို မှိတ်ကာ ပြောလိုက်သည်။

"မင်း အမြင်မှာ ငါက ဘာလဲ စမ်းသပ်ခံ ပစ္စည်းလား"

"ဟုတ်တယ်"

"ချီဟန် မင်းတော်တော်လွန်သွားပြီ"

ကျော့ယွန်ဖေးက မျက်လုံးကို မှိတ်လိုက်၏။ သူ့ကို ကယ်နိုင်ခဲ့သည့် တိုင်အောင် ထိုအချိန်အတော အတွင်းပင် သူ တောက်လျှောက်ပင် သေလုနီးပါး နှိပ်စက်ခံခဲ့ရသည်။ ချီဟန်က သူ့ကို အမျိုးမျိုးသော နည်းလမ်းများကို သုံးကာ လက်တွေ့ စမ်းသပ်ခဲ့၏။ မရေမတွက်နိုင်သော ဓားများဖြင့် ပိုင်းဖြတ်ခံခဲ့ရသည့် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တည်ဆောက်ပုံကို လေ့လာ စမ်းသပ်ခံခဲ့ရသည်။ တောထဲတွင် အပစ်ခံခဲ့ရသည်။ ရှော့တိုက်ခံခဲ့ရသည်။ အဆိပ်ရှိသည့် အကောင်များ အကိုက်ခံခဲ့ရ၏။ ဒီတစ်လျှောက်လုံးတွင် ကျော့ယွန်ဖေး အနေဖြင့် ချီဟန် သူ့ကို မည်သို့ ဆက်ဆံ နေကြောင်းကိုပင် နားမလည်နိုင်တော့ပေ။ သူ့ကို တမင်သက်သက် နှိပ်စက်နေသည်လားပင် မသိနိုင်တော့ပေ။

"--"

...

ချီဟန်က ကျော့ယွန်ဖေးကို ကြည့်၏။

"ဘာလိုချင်လဲ"

"ငါ ဘာလိုချင်ရမှာလဲ။ ဒီအတိုင်း ငါတို့ ပျော်ရွှင်ခဲ့တဲ့ အချိန်တွေကို ပြန်တွေးနေရုံပဲ"

ချီဟန်က ကျော့ယွန်ဖေးကို ကြည့်၏။

"မင်းအထင် မှားနေပြီ"

ကျော့ယွန်ဖေးက ပြုံးသည်။

"ငါတို့ နည်းလမ်းတွေ ပိုပြီး တိုးတက်လာမှု ရှိမရှိ စမ်းသပ်ကြည့်ရင် မကောင်းဘူးလား"

ချီဟန်က ကျော့ယွန်ဖေးကို ကြည့်ကာ အသက်ပြင်းပြင်း ရှူပြီး ပြော၏။

"ထွက်သွားစမ်း မင်း ဒီအတိုင်း ထပ်လုပ်နေမယ်ဆိုရင် ထွက်သွားတာ ကောင်းမယ်။ ငါက ကြိုဆိုမှာ မဟုတ်ဘူး"

"ဘာလဲ ယဥ်ယဥ်ကျေးကျေး ပြောစေချင်တာလား"

ချီဟန်"..."

ချီရှောက်ရုန်က တံခါးထောင့်နားတွင် ချောင်းနားထောင်နေသည့် ကျွင်းဟောင်ကို ကြည့်ကာ မေးလိုက်သည်။

အမှိုက်ကောင်ပြန်ရှင်လာပြီIIOnde histórias criam vida. Descubra agora