Part 217

1.2K 173 1
                                    

အပိုင်း ၂၁၇

ပိုင်လျှိုယွန်နှင့် မော့ယွန်တို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ စားပွဲပေါ်တွင် ရတနာ ငါးမျိုး၊ ခြောက်မျိုးခန့်ရှိနေပေ၏။

"ပိုင်သခင်လေးက ဘာကိုများ လေလံတင်ချင်တာပါလဲ၊ ကျွန်တော်တို့ ဒီမှာ တစ်ခါတည်း စာရင်းသွင်းလိုက်လို့ရပါတယ်"

မော့ယွန်က ပြောသည်။

ပိုင်လျှိုယွန်က ခေါင်းညိတ်ကာ ပြောလိုက်၏။

"ကောင်းပြီ"

မော့ယွန်နန်က လက်ဆန့်တန်းကာ ပိုင်လျှိုယွန်ကို ကမ်းပေးပြီးပြော၏။

"ပိုင်သခင်လေးနဲ့တွေ့ရတာ ကျွန်တော် တကယ်ဝမ်းသာပါတယ်၊ နောက်တစ်ကြိမ် ကိစ္စတစ်စုံတစ်ရာ ရှိတယ်ဆိုလည်း ပိုင်သခင်လေး ကျွန်တော့်ကို တန်းပြီး လာရှာလို့ရပါတယ်"

ပိုင်လျှိုယွန်က ပြုံးကာ မော့ယွန်နန်နှင့် လက်ချင်းဆွဲနှုတ်ဆက်လိုက်၏။ တံခါးက ရုတ်တရက် ပေါက်ထွက်သွားကာ ဟိုင်လင်းက အေးစက်သည့်မျက်နှာထားဖြင့် တံခါးဝတွင်ရှိနေသည်။ ဟိုင်လင်းက မော့ယွန်နန်နှင့်ပိုင်လျှိုယွန်တို့၏ လက်များကို ကြည့်ကာ အမူအရာက ပို၍အေးစက်သွား၏။

မော့ယွန်နန်က ဟိုင်လင်းကိုကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် မျက်မှောင်ကြုတ်သည်။

ဆိုင်တာဝန်ခံက ဟိုင်လင်း၏အနောက်မှ ရောက်လာခဲ့ကာ တောင်းပန်သလို ပြုံးပြီး မော့ယွန်နန်ကို ပြော၏။

"သခင်လေး ဟိုင်သခင်လေးက ဆက်တိုက်တိုးဝင်လာတာ ကျွန်တော် တားလို့မရခဲ့ဘူး"

"ပင်လယ်မျိုးနွယ်ရဲ့သခင်လေး ဘယ်လိုဖြစ်ပြီး သူတစ်ပါးကို လေးစားမှုတောင် မပြနိုင်ရတာလဲ"

မော့ယွန်နန်က ဟိုင်လင်းကို ကြည့်သည်။

ဟိုင်လင်းက မော့ယွန်နန်ကို လျစ်လျူရှုထားလျက် အပြေးအလွှား ဝင်လာခဲ့ပြီး ပိုင်လျှိုယွန်၏လက်ကို ဖမ်းဆွဲသည်။ သူက ပြော၏။

"မင်း ဘာကို လေလံတင်တာလဲ"

မော့ယွန်နန်၏မျက်မှောင်က ပင့်တက်သွားကာ ပြော၏။

အမှိုက်ကောင်ပြန်ရှင်လာပြီIIWo Geschichten leben. Entdecke jetzt