Part 259

876 128 0
                                    

259 01

အပိုင်း ၂၅၉

နောက်တစ်ရက်၌ ပင်လယ်ဘေးတစ်နေရာတွင် တိုင်းပြည်တိုင်းမှ မင်းသားတိုင်း စုစည်းကြသည်။ ထို့ကြောင့် သူတို့ အမြင့်မားဆုံးတောင်ထိပ်သို့ ဦးတည်ရမည်ဖြစ်သည်။ ထိုတယ်လာတောင်တန်းဟာ အလွန်မတ်စောက်လှသောတောင်များ ကပ်လျက် တည်ရှိလေပြီး အလွန်ကျော်ကြားသည်။ အလွန်အမင်း မြင့်မားကာ အန္တရာယ်လည်း အလွန်များ၏။

ထိုတောင်ပေါ်သို့ တက်လိုလျှင် အရင်ဆုံးပင်လယ်ပြင်မှ ထွက်သွားနိုင်ရန်အတွက် လှေတစ်စင်းက လိုအပ်ဦးမည်ဖြစ်သည်။ ယခုအခါတွင် သည်ကမ်းစပ်တွင် လှေများက အတန်းလိုက်ရှိနေသည်။ အဝေးမှ ကြည့်မည်ဆိုလျှင်ပင် မီးခိုးများနှင့်ပင် ပြည့်နှက်နေသေးလေရာ မှော်ဆန်သကဲ့သို့ပင် ထင်ရ၏။

ချီရှောက်ရုန်က လက်ပိုက်လျက် စိတ်ဝင်တစား ကြည့်နေသည်။

"ခံ့ညားချောမောတဲ့ကောင်လေးတွေ အများကြီးပဲ"

ကျွင်းဟောင်၏အကြည့်က ပတ်ဝန်းကျင်မှ လူများထံသို့ ရောက်သွားပြီးနောက် စိတ်ရှုပ်ထွေးသွားသည်။ ချီရှောက်ရုန်က သူ့ကို ကြည့်ကာ ပြော၏။

"ဘာများဖြစ်လို့လဲ"

ကျွင်းဟောင်က ခေါင်းခါသည်။

"ဘာမှမဖြစ်ဘူး၊ ငါ ထင်ယောင်ထင်မှားနေလားဆိုတာ မသိပေမဲ့ သူတို့အားလုံးထဲက အချို့သူတွေက ငါ့ထက် မညံ့တဲ့သူတွေ ရှိတယ်"

ချီရှောက်ရုန်က သူ့ကို ကြည့်သည်။

"မဖြစ်နိုင်တာ၊ အဲဒီအစောင့်တွေရဲ့အသက်က အသက် ၄၀ တောင် မကျော်သေးဘဲ ဘယ်လိုဖြစ်ပြီး မင်းနဲ့ ယှဉ်နိုင်မှာတဲ့လဲ၊ သူတို့က မင်းလောက် ပါရမီ မကောင်းနိုင်တာကို"

ကျွင်းဟောင်က ခေါင်းခါသည်။

"မဖြစ်နိုင်တာတော့မဟုတ်ဘူး"

ချီရှောက်ရုန်က မျက်မှောင်ကြုတ်သည်။

"မင်း မပြောနဲ့နော်..."

နိုင်ရင်နိုင်တယ် မနိုင်ရင် မနိုင်ဘူးပေါ့။

ကျွင်းဟောင်က ချီရှောက်ရုန်ကို ကြည့်သည်။

အမှိုက်ကောင်ပြန်ရှင်လာပြီIIDove le storie prendono vita. Scoprilo ora