ချစ်ဦးညို စာအုပ်တွေ ဖတ်ပြီးရင်
ရာဇဝင်ကို ချစ်လာလိမ့်မယ်။
ဂျူး စာအုပ်တွေ ဖတ်ပြီးရင်
အချစ်ထက် အရေးကြီးတဲ့အရာတွေကိုမြင်လာမယ်။
အောင်သင်း စာအုပ်တွေဖတ်ပြီးရင်
အဓိကနဲ့သာမညကို ခွဲခြားတတ်လာမယ်။
ချစ်နိုင် (စိတ်ပညာ) စာအုပ်တွေ ဖတ်ပြီးရင်
လူ့သဘောမနောတွေကို နားလည်လာမယ်။
တာရာမင်းဝေ စာအုပ်တွေဖတ်ပြီးရင်
ဘောင် အပြင်ကနေ တွေးတတ်လာမယ်။
ခင်နှင်းယု စာအုပ်တွေဖတ်မိပြီးရင်
မိန်းကလေးတွေရဲ့တန်ဖိုးကို နားလည်လာမယ်။
ဂျာနယ်ကျော်မမလေး စာအုပ်တွေဖတ်ပြီးရင်
ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်လာမယ်။
ခင်ခင်ထူး စာအုပ်တွေဖတ်ပြီးရင်
လောကကြီးမှာ ပိုပြီးနေတတ်လာမယ်။
မိုးမိုး(အင်းလျား)စာအုပ်တွေဖတ်ပြီးရင်
ပေါင်းသင်းဆက်ဆံရေး အရေးပါပုံသိလာမယ်။
မစန္ဒာစာအုပ်တွေ ဖတ်ပြီးရင်
ဘဝကို အေးအေးချမ်းချမ်းပဲဖြတ်သန်းချင်လာမယ်။
ဖေမြင့်ရဲ့စာအုပ်တွေ ဖတ်ပြီးရင်တော့
စိတ်ဓာတ်ခွန်အား ရစေလိမ့်မယ် ။
YOU ARE READING
𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑨𝒏𝒅 𝑴𝒐𝒕𝒊𝒗𝒂𝒕𝒊𝒐𝒏 𝑭𝒐𝒓 𝑻𝒆𝒆𝒏𝒂𝒈𝒆𝒓
Non-Fictionမြန်မာနိုင်ငံရဲ့ လူငယ်တွေ ဟာ အင်မတန် သနားဖို့ကောင်းတဲ့လူလေးတွေပါ။ ကိုယ်ဖြစ်ချင်တာကို မသိရ ။ လုပ်ချင်တာမလုပ်ရ။ ပုံစံသွင်းခံရပြီး။ ကြိုးဆွဲရာ ကနေကြရတဲ့ အရုပ်ကလေးတွေလိုပဲ ။ ဒါမယ့် အားမငယ်ပါနဲ့ ။ စိတ်ဓာတ်ကိုမြှင့်တင်ထားပြီး လွတ်မြောက်အောင်လုပ်လို့ရပါတယ...