ဘယ်စာအုပ်ပဲဖတ်" စိတ်ဓာတ်အတွက် အာဟာရနဲ့ ဗဟုသုတကတော့ ရတာမလို့ ။ စာဖတ်ဖို့အကြံပြုချင်ပါတယ်။ ဂျူးရဲ့ စာအုပ်ကလေးတွေဆိုရင် အေးချမ်းပြီး စိတ်ဓာတ်ခွန်အားဖြစ်စေတယ်။
ခင်နှင်းယုကတော့ မိန်းမတွေအကြောင်းသိရတာပေါ့။
စာရေးဆရာ တစ်ယောက်ဆီတိုင်းမှာ တစ်ခုမဟုတ်တစ်ခု ဗဟုသုတရစေပါတယ်။
📚 စာအုပ်တွေက ဘာနဲ့မှ လဲလို့မရတဲ့ သူငယ်ချင်းတွေပဲ စကားမပြောတတ်ပေမယ့် ဗဟုသုတပေးတယ်။ စိတ်ဓာတ်ခွန်အားပေးတယ်။ လူတွေက ထွက်သွားပေမယ့် သူတို့တွေကတော့ ထွက်သွားမှာမဟုတ်ဘူး။ အမြဲ အနားမှာရှိနေပေးမယ့် အရာလေးတွေပေါ့ ။
ဘယ်စာရေးဆရာရဲ့ ဘယ်စာအုပ်ကို ဖတ်ကြည့်သင့်လဲ ။ ဆိုတာကတော့ စဖတ်မယ်ဆိုရင်တော့
𝙃𝙞𝙜𝙝 𝙍𝙚𝙘𝙤𝙢𝙢𝙚𝙣𝙙 🤍
ရိုး"ရှင်း"လေးနဲ့ သဘာဝတရားကို ခံစားချင်ရင် ဂျူးရဲ့ ‣ ချစ်သူလား စကားတစ်ပွင့်ပွင့်ခဲ့သည် ။
Teenager နဲ့ မိဘတိုင်း မှာ ဖြစ်တတ်တဲ့ကိစ္စလေးတွေကို နားလည်ချင်ရင် ‣ လရဲ့အောက်ဘက် မိုင်အဝေးမှာ ။
အရင် 19 ရာစု ခေတ်က လူမိုက်တွေအကြောင်းဖတ်ချင်ရင်
ခက်ဇော်ရဲ့
‣ The Guys Of Rangon 1930s ( ရုပ်ပြ 2 အုပ်ထွက်ရှိထားပြီး )
‣ The Guys From Mandalay 1950s
‣ AVA 1740s
‣ Beyond AVA 1750s
‣ Princes In The Darkness 1970s
‣ The Fall of Hantharwaddy 1757s
လူ့လောက သဘာဝ သိချင်ရင် ပုညခင်ရဲ့
‣ မင်္ဂလာပါ ဆရာမ
‣ ချန်ရစ်ခဲ့သော ခြေရာများ
မိန်းကလေးတွေ အကြောင်းနားလည်ချင်ရင် ပုညခင်ရဲ့
‣ မိန်းကလေးတစ်ယောက်၏ အတ္ထုပ္ပတိ
ယောကျာ်းတို့အကြောင်း သိချင်ရင် ခင်နှင်းယုရဲ့
‣ ယောကျ်ားတို့အကြောင်း
( ဖေမြင့်ရဲ့ စာအုပ်တွေက တော့ စိတ်အာဟာရ ပေးလို့ ပိုပြီး ဖတ်သင့်တယ်ရှင် )
ဖတ်သင့်သည့်စာအုပ်များ
ခင်နှင်းယု
‣ ပျားရည်အိုင်
‣ အားနွဲ့သူပါရှင် ( ဝတ္ထုရှည် )
‣ ပါရမီဖြည့်စမို့ ( မဂ္ဂဇင်း ဝတ္ထုရှည်များ )
‣ နွဲ့နှောင်းရွက်ကြွေ ( မဂ္ဂဇင်း ဝတ္ထုရှည်များ )
ဂျူး
‣ လရဲ့အောက်ဘက်မိုင်အဝေးမှာ
‣ ချစ်သူလား စကားတစ်ပွင့်ပွင့်ခဲ့သည်
‣ အမှတ်တရ
‣ မိန်းမတစ်ယောက်၏ ဖွင့်ဟ ဝင်ခံချက်
‣ တိမ်နဲ့ချည်တဲ့ကြိုး
‣ ပိုချစ်ရတဲ့လူကိုယ်ပဲဖြစ်ပါစေ ( မိန်းမတို့၏ အချစ်အကြောင်း )
‣ ဆုံရက်နှင့် လွမ်းလေခြင်း
‣ မရှိမဖြစ်မိုး ( မိန်းကလေးတွေအတွက်စိတ်ခွန်အား )
‣ ကြာတော့သည်လည်း မောင့်စကား
‣ အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ
ဖေမြင့်
‣ မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား ( စိတ်ဓာတ်အတွက်ခွန်းအားဖြစ်စေမှာပါ )
‣ အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်း
‣ စိတ်၏ သတ္တိစွမ်းအားများ
‣ ဦးနှောက်နှင့် နှလုံးသား
‣ မည်သို့ပင်ဖြစ်စေ
‣ နာမည်တစ်လုံးမရလာခင်တုန်းက
နောက်စာမျက်နှာမှာ ပိုရေးထားပါ့မယ်
#Luna Eleanora
YOU ARE READING
𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑨𝒏𝒅 𝑴𝒐𝒕𝒊𝒗𝒂𝒕𝒊𝒐𝒏 𝑭𝒐𝒓 𝑻𝒆𝒆𝒏𝒂𝒈𝒆𝒓
No Ficciónမြန်မာနိုင်ငံရဲ့ လူငယ်တွေ ဟာ အင်မတန် သနားဖို့ကောင်းတဲ့လူလေးတွေပါ။ ကိုယ်ဖြစ်ချင်တာကို မသိရ ။ လုပ်ချင်တာမလုပ်ရ။ ပုံစံသွင်းခံရပြီး။ ကြိုးဆွဲရာ ကနေကြရတဲ့ အရုပ်ကလေးတွေလိုပဲ ။ ဒါမယ့် အားမငယ်ပါနဲ့ ။ စိတ်ဓာတ်ကိုမြှင့်တင်ထားပြီး လွတ်မြောက်အောင်လုပ်လို့ရပါတယ...