အချစ်ဆိုတာ ဘဝကြီးမဟုတ်ဘူးဆိုတဲ့ စကားက အရမ်းမှန်လွန်းတယ်။
တစ်ချို့လူတွေက ပြောကြတယ် " အချစ်က ဘဝကြီး " တဲ့
အမှန်ကမဟုတ်ဘူး ။
အချစ်က ကျွန်တော်တို့ အသဲနှလုံးကို ကြေကွဲအောင် Broken ဖြစ်အောင် မလုပ်နိုင်ဘူး ။
အချစ်စစ်ခဲ့ရင်တောင်ပေါ့ ။
ကိုယ်တစ်ကယ်ချစ်ရတဲ့ လူက ထားသွားရင်တောင် Heartbroken မဖြစ်ဘူး ။
But စွဲလမ်းခြင်း...
တစ်စုံတစ်ယောက်ကို အခြားတစ်စုံတစ်ယောက်က စွဲလမ်းခဲ့ပြီး ပထမတစ်စုံတစ်ယောက်က ဒုတိယတစ်စုံတစ်ယောက်ဆီက ထွက်ခွာသွားခဲ့မယ်ဆိုရင် ကျန်နေရစ်ခဲ့တဲ့ လူက Heartbroken ဖြစ်နိုင်ပါတယ်တဲ့။
◈◇◈◇◈◇
အချစ်စစ်က အသဲကွဲအောင်မလုပ်နိုင်ပေမယ့် ခဗျားကို စွဲလမ်းရတာကြောင့် အသဲကွဲခဲ့ပါတယ်မောင် ။
မောင့်ကိုချစ်တဲ့အချစ်ကြောင့် မောင်ပျော်နေတာမြင်ရင် ကျွန်တော်လဲပျော်ပါတယ်။
ဒါမယ့် မောင့်ကို စွဲလမ်းမိခြင်းကြောင့် မောင်တစ်ခြားသူရင်ခွင်မှာ ပျော်မွေ့နေတာကို မြင်တော့ ဒီရင်ဘတ်မှာ တစ်ဆစ်ဆစ်နဲ့ နာကျင်နေရတယ်။
ကျွန်တော့အတွက်မဟုတ်တဲ့ မောင့် ရင်ခုန်သံတွေကို ကြားနေရတာ အဆင်မပြေဘူးမောင်ရယ်။
မောင့်ကို ပြန်လာပါ့လား လို့ မပြောချင်တော့ဘူး ။ ဒီတိုင်းလေးပဲ ဘေးကနေချစ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါမယ့် မလုပ်နိုင်ဘူးသိလား ။ ကိုယ့်အတွက် မဟုတ်တဲ့မောင့်ရင်ခုန်သံတွေကို နားထောင်ရတာက တစ်ခြားလူတစ်ယောက်က ဘေးနားမှာ ဆူဆူညံညံ လုပ်နေတာထက် ပိုနာကျင်ရတယ်မောင်။
↛◈↚
မောင့်ကြောင့်ဖြစ်လာသော စကားသံများ....
-19.8.2023-
#luna_eleanora
YOU ARE READING
𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑨𝒏𝒅 𝑴𝒐𝒕𝒊𝒗𝒂𝒕𝒊𝒐𝒏 𝑭𝒐𝒓 𝑻𝒆𝒆𝒏𝒂𝒈𝒆𝒓
Non-Fictionမြန်မာနိုင်ငံရဲ့ လူငယ်တွေ ဟာ အင်မတန် သနားဖို့ကောင်းတဲ့လူလေးတွေပါ။ ကိုယ်ဖြစ်ချင်တာကို မသိရ ။ လုပ်ချင်တာမလုပ်ရ။ ပုံစံသွင်းခံရပြီး။ ကြိုးဆွဲရာ ကနေကြရတဲ့ အရုပ်ကလေးတွေလိုပဲ ။ ဒါမယ့် အားမငယ်ပါနဲ့ ။ စိတ်ဓာတ်ကိုမြှင့်တင်ထားပြီး လွတ်မြောက်အောင်လုပ်လို့ရပါတယ...