မင်းလူ
‣ ကံကော်နီ
( ကံ့ကော်ပင်ကြီးရယ် ရေတွင်းပျက်ကြီးရယ် ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ အချစ်ဇာတ်လမ်း တစ်ပုဒ်။
ရည်ရွယ်ထားတဲ့သူမဟုတ်ပဲ မတော်တဆ ချစ်သူတွေ ဖြစ်သွားရင်းကနေ တကယ်ချစ်တဲ့သူဖြစ်နေမှန်း ဝေးသွားမှ နားလည်ခဲ့တဲ့ စိုးချစ်။
ကိုယ်ချစ်တဲ့သူဆီက ရခဲ့တဲ့ ကံ့ကော်ဦး နဲ့ ရည်းစား စာကြောင့် ကံကောင်းဆုံး မိန်ကလေး အဖြစ်ကနေ လူမှားပြီး အချစ်ခံ ခဲ့ရမှန်း သိခဲ့လို့ အကုန်လုံးကို စိတ်နာပြီး အားလုံးနဲ့ဝေးရာမှာ နေခဲ့တဲ့ ခင်မေတင့်။
လှလှပပ ကျော့ကျော့ရှင်းရှင်းနေတတ်ပြီး ချစ်သူရည်းစားထားရတာကို မကြိုက်သော်လည်း စိုးချစ်အပါအဝင် ယောက်ျားလေးတိုင်းရဲ့ ကြိုက်နှစ်သက်မှု ကိုခံရပြီး မိမိကြောင့် ဖြစ်ခဲ့ရတဲ့ စိုးချစ်နဲ့ ခင်မေတင့်တို့ရဲ့ ဇာတ်လမ်းကို မသိခဲ့ရတဲ့ မေရီအောင်
သူတို့ ၃ ယောက်နှင့်အတူ ကျော်ဇင်ဦး မင်းသီဟ နန်းမွှေး ဝိုင်းဝိုင်း တို့ စတဲ့ သူငယ်ချင်းတွေ ရဲ့ ငယ်ဘဝကနေ အသက်ကြီးလာတဲ့အထိ ခင်မင်မှု ဇာတ်လမ်းတို့ကို ဆရာ မင်းလူရဲ့ အရေးအသားကြောင့် ကံ့ကော်နီရဲ့ စာအုပ်က မပျင်းစေပဲ နောက်ဆုံး အထိ ဆွဲခေါ်သွားတဲ့ ဇာတ်လမ်းကောင်း တစ်ပုဒ် ဖြစ်ပါတယ်။
ကံ့ကော်နီ စာအုပ်ထဲမှ ဆရာမင်းလူရဲ့ အကြိုက်ဆုံး အရေးအသား တစ်ခု " သူ အရက်သောက်ရတာ ခင်မေတင့်ကို မေ့သွားအောင်လို့လည်း မဟုတ်၊ အရက်သောက်ပြီးလျှင် ခင်မေတင့်ကို လွမ်းလို့ ပိုကောင်းသောကြောင့်သာ ဖြစ်၏။ အသည်းကို ကဗျာထဲမှာပဲ စိမ်ထားပြီး၊ အလွမ်းကို အရက်ထဲမှာ စိမ်ထားခြင်းဖြစ်သည်ဟု ဆိုလျှင် ပိုမှန်လိမ်မည်ဟုထင်သည်။" ဆိုတာပဲ။ )
- မင်းလူက ထပ်တင်ပေးပါ့မယ် စာအုပ်နာမည်မေ့နေလို့ပါ -
မြသန်းတင့်
‣ War And Peace ( စစ်နှင့်ငြိမ်းချမ်းရေး )
‣ ရှားလော့ဟုန်း၏ သည်းထိပ်ရင်ဖို
‣ ရှားလော့ဟုန်း၏ မှတ်တမ်းများ
‣ ရှားလော့ဟုန်း၏ စွန့်စားခန်းများ
‣ ရှားလော့ဟုန်း၏ နောက်ဆုံးဦးညွှတ်ခြင်း
‣ ရှားလော့ဟုန်း၏ အမှုတွဲများ
‣ ရှားလော့ဟုန်းပြန်လာပြီ
‣ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်။ ( တော်"လေး ကောင်းလို့ High recommend )
‣ လေလွင့်သူ ( ဒါလေးလဲတော်"ကောင်း )
‣ နွံထဲကကြာ
‣ ဘဝနေနည်း အနုပညာ
‣ မိန်းမတို့အကြောင်း
‣ လူလေးသို့ပေးစာ
‣ အချစ်မိုးကောင်းကင်
‣ မှောင်မိုက်မှာငို ( အရမ်းကောင်းတဲ့စာအုပ်လေးပါ )
YOU ARE READING
𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑨𝒏𝒅 𝑴𝒐𝒕𝒊𝒗𝒂𝒕𝒊𝒐𝒏 𝑭𝒐𝒓 𝑻𝒆𝒆𝒏𝒂𝒈𝒆𝒓
Non-Fictionမြန်မာနိုင်ငံရဲ့ လူငယ်တွေ ဟာ အင်မတန် သနားဖို့ကောင်းတဲ့လူလေးတွေပါ။ ကိုယ်ဖြစ်ချင်တာကို မသိရ ။ လုပ်ချင်တာမလုပ်ရ။ ပုံစံသွင်းခံရပြီး။ ကြိုးဆွဲရာ ကနေကြရတဲ့ အရုပ်ကလေးတွေလိုပဲ ။ ဒါမယ့် အားမငယ်ပါနဲ့ ။ စိတ်ဓာတ်ကိုမြှင့်တင်ထားပြီး လွတ်မြောက်အောင်လုပ်လို့ရပါတယ...