The first meeting with love ( Uni+Zg )

551 21 0
                                    


ခန်းစီးလိုက်ကာတွေချထားတာတောင် နေရောင်ကအခန်းထဲကို အလင်းရောင်ကောင်းစွာတိုးဝင်သည်

ကုတင်ပေါ်တွင်ချစ်ဖို့ကောင်းစွာငုတ်တုတ်ထိုင်သောကောင်လေးသည်လဲ
ငုတ်တုတ်ထိုင်လျက်သားအိပ်ငိုက်နေသေးသည်

နှိုးစက်ရဲ့ဒုတိယတစ်ကြိမ်မြည်သံကြောင့် သူထမှဖြစ်တော့မည် ဆိုတာ သိသည်နှင့်ရေချိုးခန်းသို့ဖြေးညှင်းလေးတွဲစွာ ဝင်သွားသည်

ရေချိူလိုက်တော့လန်းသွားသည်ထင် ကျောင်းဝတ်စုံကို က်က်နန ဝတ်ဆင်ပြီး မနက်စာစားရန် အခန်းပြင်သို့ထွက်ကာ ဘာစားရမလဲလိုက်ကြည့်နေသည် သို့သော် ဒီလိုစားစရာတွေသူမလုပ်တတ်
စားစရာတွေကအမယ်တွေသာ ပါပြီး ဘာမှမပြင်ဆင်ထား အိမ်အကူအဒေါ်ကြီးကလဲမနက်ဖြန်မှလာမည်ပြောထားတာကြောင့် ဒီနေ့တော့သူအပြင်မှာဘဲ စားဖို့ဆုံးဖြတ်လိုက်သည်

သူ Korea ကိုပြန်ရောက်ခဲ့တာ နှစ်ရက်လောက်ရှိပြီ ဟိုမှာနေတာအဆင်ပြေပါရဲ့နဲ့ သူ့ကိုဒီပြန်ပို့လိုက်တယ့် အကိုဖြစ်သူကိုနည်းနည်းမှမကျေနပ် ဒီမှာကျောင်းကအစနေဖို့ထိုင်ဖို့အားလုံးလုပ်ထားပေးပြီးသားမလို့ ထပ်ပူပင်စရာတော့မရှိ ဘာဘဲပြောပြော ရောမ ရောက်ရင် ရောမ လိုတော့ကျင့်ရမှာဘဲ မနက်ဖြန်တက်ရမယ့်ကျောင်းအတွက် နည်းနည်းစိတ်လှုပ်ရှားနေပေမယ့်သူကလူမှုဆက်ဆံရေးကောင်းသူမလို့ အဆင်ပြေမှာသေချာသည် ဒီကျောင်းမှာတော့အရင်ကလိုပြသနာတွေမရှာဘဲအကောင်းဆုံးနေထိုင်ဖို့ဘဲသူစဉ်းစားထားလိုက်သည်

အခန်းကိုသော့ခတ်ကာ ဆိုင်တစ်ဆိုင်သို့ဦးတည်လိုက်သည်
လမ်းပေါ်ကဆိုင်တွေအားလုံးမဝင်ဘဲ ကျောင်းနှင့်နီးတယ့် ဆိုင်ကိုသာ အမြန်ဆုံးဝင်သွားလိုက်သည်

ဆိုင်ကကော်ဖီဆိုင်ဖြစ်သည့်အလျှောက် ကော်ဖီနံ့များသင်းနေအောင်မွှေးသည် အင်း ကော်ဖီနံ့က အရမ်းမွှေးတယ် ဒါပေမယ့် သူမှ ကော်ဖီမကြိုက်ဘဲ ချောကလက်ပူပူလေး တစ်ခွက်နဲ့ ချောကလက်ကိတ် တစ်ခုမှာရင်း ဆိုင်အတွင်းပိုင်းကို လိုက်ကြည့်နေလိုက်တယ်

"ဆိုင်အတွင်းပိုင်းကလဲသေသေသပ်သပ်ပြင်ဆင်ထားတာဘဲ"

"ချောကလက်ကိတ်နှင့်ချောကလက် ရပါပြီ အေးဆေးသုံးဆောင်ပါ"

𝘈 𝘓𝘖𝘝𝘌 𝘊𝘖𝘕𝘕𝘌𝘊𝘛𝘐𝘖𝘕 Where stories live. Discover now