"Hyunjin ဘယ်ချိန်ထိ ဒါတွေလုပ်နေရဦးမှာလဲ တအားပင်ပန်းနေပြီကွာ"
ဒီနေ့ဆိုင်တွင် လူအတော်ကျသည်နှင့်အတူအော်ဒါတွေလဲအတော်များတာမို့ ကူလုပ်ပေးဖို့ခေါ်ထားသော Jisung ၏ညည်းတွားသံ သာတစ်ညနေခင်းလုံးကြားနေရသည်
"မင်းယောက်ျားမဟုတ်ဘူးလား ဒါလေးလုပ်ရတာကို ဘာဖြစ်နေတာလဲ?"
"ဟ ယောက်ျားတော့ ကျားလေ ဒါပေမယ့် မပင်ပန်းရရိုးလား
ပြီးတော့ငါ့လူကြီးနဲ့ဒိတ်မလို့ ဒါပြီးရင်ပြန်မှာနော် ဒါဘဲ"ဆိုင်ရောက်တာဖြင့် သုံးနာရီတောင်မပြည့်သေး လင်ကိုလွမ်းနေတယ့် လင်တရူးကိုကြည့်ရင်း hyunjin စုတ်သတ်မိတယ်
"မင်းပြန်တော့ ဘယ်သူကဒါတွေလုပ်ပေးမှာလဲ ငါ့မှာမင်းဘဲရှိတာလေ"
လေသံဖြင့်သနားစဖွယ်ပြောလာသူ Hyunjin ရဲ့စကားကြောင့် သူပင်မျက်ရည်လည်ချင်သလိုဖြစ်လာသည်
"အော် တော်တော်လဲသနားစရာပါလား ဟိုရှေ့ကဝိုင်းမှာထိုင်နေတယ့် တစ်ယောက်ကို တွေ့လား သူ့နမည်က Lee Felix တဲ့ ကျောင်းသားသစ်လေးလေ မင်းရဲ့သူငယ်ချင်းအသစ်လေး သူ့ရောမင်းမျက်လုံးထဲခိုင်းစရာလူလိုမမြင်ဘူးလား?"
Jisung ရဲ့စကားမှာလွဲမှားနေခြင်းမရှိပါ တုံ့ပြန်ဖို့ရာ စကားစစ်ထိုးရန်အတွက်လဲ မပြောမိပါ တကယ်လဲ Felix ကိုသူတမင် ဆိုင်ခေါ်ထားပြီး အရုပ်တစ်ရုပ်လိုသာထိုင်ကြည့်ချင်သည် အားနာတာလဲပါမည်ထင်
Jisung မှာတော့ပြောလိုက်တဲ့စကားက မှားသွားပြီလားတောင်ထင်ရအောင်ထိ တိတ်ဆိတ်သွားသော hyunjin ကြောင့် မျက်ခုံးပါပင့်မိသည် သူလှည့်ကြည့်လိုက်တော့ Felix ကိုငမ်းနေတာ
"လူမြင်လို့တောင်မကောင်းဘူး ငမ်းနေတာကြီးက"
တမင်တကာလူကြားအောင် ဆောင့်အောင့်ပြောလိုက်တော့ side eye လေးဖြင့်လှည့်ကြည့်လာသည်
"ဪ ကုသိုလ်ကံများကောင်းချက်ဘဲ Hwang Hyunjin တို့များ
သူငယ်ချင်းနှစ်ယောက် ဆိုင်ရောက်လာတာများ တစ်ယောက်ဘဲခိုင်းပြီး တစ်ယောက်ကိုကျ မတ်တက်ငမ်းနေတယ်တဲ့ အရပ်ကတို့ရေ လူကြားလို့မှ မကောင်းဘူးဗျ"