Not siblings(uni+zwg)

209 18 0
                                    


၇ နာရီဒေါင်ဆိုတာနဲ့ဆူညံပွက်လောရိုက်လောက်အောင် အလန်းမြည်တဲ့ စိတ်ရှုပ်စရာနာရီတစ်ခု Kim Seungmin တွင်ရှိပါသည်။

နှိုးစက်ရဲ့အလန်းသံကြောင့်ပြန်မအိပ်ရမယ့်တူတူ အိပ်ယာပေါ် ငူငူကြီးပေကပ်ပြီး ငုတ်တုတ်ထိုင်နေသေးသည်

ခုထိကျောင်းသွားဖို့ကအဝေးကြီးလိုသေးတာမလို့ ခါတိုင်းဒီချိန်နိုးရင် ဟိုအရူးကောင်တွက် ထမင်းဘူးလေးဘာလေး ပြင်ပေးရမှာ ခုတော့ စိတ်ကောက်လို့မပြင်ပေးပါ ရေမချိုးခင်ထိ ဒီလိုဘဲငုတ်တုတ်ထိုင်နေဖို့ရှိသည်

ညကဘယ်ကနေဘယ်လိုအိပ်ပျော်သွားမှန်းတောင် မသိလိုက်တဲ့ သူ့အဖြစ်သူတွေးမိလိုက်သည်

ဒီနေ့တော့ မနေ့ညကပြောထားတယ့်အတိုင်း ထမင်းဘူးမလုပ်ပါဘူး
သူစိတ်ကျေနပ်တဲ့နေ့မှဘဲပြန်လုပ်ပေးမယ်

မချစ်တော့လို့တော့မဟုတ်ပေမယ့် ခရက်ရှ်ကိုခနတာစိတ်ကောက်ခြင်းမို့လို့ မသိချင်ယောင်ဆောင်နေမှာပါ

"ငါသဘောကျတယ့်လူက အဲ့အရူးကောင်သာမဟုတ်ရင် ဖွင့်ပြောလိုက်တာကြာပြီ အဲ့ဒီ့အရူးကောင်မို့လို့ဖုံးထားရတာပေါ့ မဟုတ်လို့ကတော့ လေလာရာဖင်ပေးပြီးကိုနေမှာမင်းကို ကြည့်နေလိုက် ဝံပုလွေလိုကောင်ကြီး"

‌ရေစောစောချိုးလိုက်တာလဲ ကောင်းခြင်းမဂ်လာတစ်ပါးပါဘဲ ‌‌ရေစိမ်ပြီး‌ချိုးရမယ်။

***

"ဘာလုပ်နေတာလဲ အဲ့ဒါ"

အဝေးထဲကကြည့်နေတာ ကျောင်းထဲမဝင်ဘဲ အပေါက်ဝ‌ကနေ ဟိုချောင်ကပ်ပုန်းပြီး အထဲကိုချောင်းလိုက် ဒီချောင်ကပ်ပုန်းပြီး အထဲကိုချောင်းလိုက်နဲ့ ဒီနေ့မှဘာတွေဖြစ်နေတာလဲ

Jisung ပြောလိုက်လို့ လန့်ဖြန့်ကာ ရင်ဘတ်ထဲကနှလုံးသားလေးခုန်ထွက်သွားမှာတောင်စိုးရိမ်နေရတယ် ရင်ဘတ်ကိုလက်ဖဝါးနုနုဖြင့်ဖိရင်း တိတ်တိတ်နေဖို့ ပြောလိုက်သည်။

"ရှူး တိတ်တိတ်နေစမ်းပါ"

"ဘာလဲကိုယ့်ကျောင်းကိုယ် သူခိုးအထှာနဲ့ ဘာတွေထွင်နေတာလဲ"

"သူခိုးအထှာ မဟုတ်ပါဘူး ငါလူရှာနေတာ"

အမယ်အထူးအဆန်း ကျောင်းလာတာနဲ့ Han Jisung ကလွဲပြီး ဘယ်သူနဲ့စကားမပြောတဲ့ကောင်ကများ

You've reached the end of published parts.

⏰ Last updated: Mar 13 ⏰

Add this story to your Library to get notified about new parts!

𝘈 𝘓𝘖𝘝𝘌 𝘊𝘖𝘕𝘕𝘌𝘊𝘛𝘐𝘖𝘕 Where stories live. Discover now