ဆိုင်ထဲမှထွက်ကာ စက်ဘီးကိုသေချာစစ်ပြီး ကောင်းကင်ကြီးကိုမော့ကြည့်လိုက်သေးသည်
ကောင်းကင်ကြီးကိုတွေ့မှ ငယ်သူငယ်ချင်းဖြစ်သူကိုတောင် ပြန်လွမ်းလာသည်
"Hwang Hyunjin!!!"
ခေါ်သံတစ်ခုကသူ့ကိုရည်ရွယ်နေတာမလို့ ကြည့်လိုက်မိတော့ Felix?? Felix ဘဲ
"မင်း ဘယ်လိုလုပ်ပြီးဒီကို.."
မျက်လုံးပြူးကာ မေးနေပုံကတကယ့်ကိုချစ်စရာကောင်းသည်မို့ မျက်နှာတစ်ခုလုံးကို ဆွဲဖြဲချင်စိတ်ကအပြည့်ဖြစ်လာသည်
"မင်းဆီလာတာကျောင်းတူတူသွားဖို့လေ"
အိမ်တွေကတော်တော်နီးနေတာဆိုတော့ ဒီတစ်ယောက်က ဘာအရူးထပြန်တာလဲ ပြီးတော့လဲ သူ့ကို အတော်လေးချစ်စရာကောင်းတယ်ဆိုတာကိုပါ တွေးနေသေးတယ်
ချစ်စရာကောင်းတာကကျွန်တော်မဟုတ်ဘဲ သူပါဆိုတာကိုပြောပြရင် ထိုင်တောင်ငိုသွားမလားမသိဘူး ကျောင်းဝတ်စုံကိုဝတ်လာတာကလဲ တအားမသပ်ရပ်သော်လဲ ဂုတ်ထောက်နေတယ့် ဆံစတွေနဲ့မလို့ချစ်စရာက ကောင်းနေတာ နှာတံကချွန်ချွန်လေးနဲ့
"ဘာနဲ့လာတာလဲ မင်းအိမ်နဲ့ဒီကအဝေးကြီးကို"
"မဝေးပါဘူး hwang ကလဲ မနေ့ကတင်အိမ်ပြောင်းလာခဲ့တာ ဟိုနားကတိုက်လေ သုံးလွှာ"
အိမ်ပြောင်းလာတယ်တဲ့ ချက်ခြင်းကြီး သူတို့ဆိုင်ရဲ့ မျက်နှာချင်းဆိုင် လမ်းဘက်က အသစ်ဆောက်ထားတာမကြာသေးသော တိုက်အသစ်မှာ သူနေတယ်တဲ့
"မနေ့ကထိ ဟိုအဝေးကအိမ်မှာနေပြီး ဒီမနက်ကျအိမ်ပြောင်းလာတယ်ဆိုတော့ မင်းမမြန်လွန်ဘူးလား ငါတောင်နားမလည်တော့ဘူး"
"ဒါကအေးဆေးပါ ငါ့ hyung ကိုပြောလိုက်တာ ဟဲဟဲ ကဲပါလာ ကျောင်းတူတူသွားရအောင် မင်းဘာစားပြီးပြီလဲ"
"ဆိုင်မှာစားခဲ့တယ်ငါက မင်းကော"
"အမ်..စားပြီးပါပြီ ငါလဲ"
လိမ်နေတာကိုကြည့်ပါဦး ကျွန်တော်ကစားပြီးပြီပြောလို့ သူကော်ဖီဆိုင်မှာဝင်မုန့်ဝင်စားမှာကိုတောင် စားပြီးပါပြီ လာပြောနေတာ