"Hi I'm Felix Lee Felix"
"ဟန်းဂုလိုမပြောတတ်ဘူးလား"
ကျောင်းသားတစ်ချို့ရဲ့စကားကြောင့် Felix တစ်ချက်ရီလိုက်တယ် သူသိတာပေါ့ eng လိုမိတ်ဆက်ရင် သေချာပေါက်ဒီလိုတွေမေးမယ်ဆိုတာ သိလို့လဲ ခုလိုတမင်မိတ်ဆက်တာဖြစ်တယ် မဟုတ်ရင် တစ်ခါဘဲနှုတ်ဆက် တစ်ခါဘဲ ဇာတ်လမ်းပြတ် ဒါက အပေါင်းအသင်းမကောင်းရာကျတယ်
"ပြောတတ်ပါတယ် ငါက Korean တစ်ယောက်ဘဲလေ ဒါကဒီတိုင်း အကျင့်ပါသွားတာ"
"ဒါဆိုလဲ သား ဟန်းဂု လိုဘဲနှုတ်ဆက်လိုက်ပါ"
ဆရာရဲ့စကားကြောင့်ပြန်နှုတ်ဆက်ပြီးတော့ ဆရာကနေရာတစ်ခုကိုညွန်ထိုးလာတယ် အဲ့ဒါက ဟိုမကောင်းတဲ့ကောင်ရဲ့ဘေးဘဲ
"သားအဲ့မှာသွားထိုင်လိုက်"
"ကျနော်မထိုင်ချင်ဘူး ဆရာ နေရာပြောင်းပေးပါ"
"ဘာဖြစ်လို့လဲ သူ့ဘေးကနေရာမလို့မထိုင်ချင်တာ"
Felix ရဲ့စကားမှာ ကျောင်းသားတွေကော bangchan ပါစိတ်ဝင်စားသွားသည် သူဘာလို့မထိုင်ချင်လဲဆိုတာ bangchan သိသော်လဲ ကျောင်းသားတွေကတော့မသိသူပီပီ စကားအချို့ကပ်ပြောနေကြသည်
"ဒါဆိုမင်းကဘယ်မှာထိုင်ချင်တာလဲ"
Bangchan ရဲ့အမေးကို Felix ကပြန်ဖြေခြင်းတစ်စုံတစ်ရာမရှိဘဲ အခန်းထဲကိုဝေ့ဝိုက်ကြည့်လိုက်တယ်
မနက်ကသူ့ကိုရုံးခန်းလိုက်ပို့တယ့်ကောင်လေး ရဲ့ဘေးမှာနေရာလွတ်နေတယ် ဟုတ်ပြီ
တစ်ဖြေးဖြေးချင်းလျှောက်သွားလိုက်ကာ ထိုမျက်မှန်အဝိုင်းလေးနဲ့ကောင်လေးကိုသူမေးလိုက်တယ်
"ဘေးမှာ လူရှိလား"
ထိုကောင်လေးကဘာမှမဖြေရသေးခင်မှာဘဲ သူ့နောက်က ကောင်လေးကမရှိဘူး ထိုင်လို့ရတယ်ဆိုပြီး ဝမ်းသာအားရပြောလာတာကြောင့်
"ကျနော်ဒီမှာဘဲထိုင်တော့မယ် ဆရာ ကျေးဇူးတင်ပါတယ် ဒီနေရာကပိုကောင်းပါတယ်"
ကျောင်းဆရာကဘာမှပြန်ပြောလို့မရအောင် ပြောသွားကာ ထိုင်ချလိုက်သည်