အပိုင်း(၁)

100 5 1
                                        


နာကျင်မှုတွေရဲ့အစကဘာလဲ။ဘာတွေမှားသွားလို့လဲ။ချစ်ရက်သားနဲ့ဘာတွေကများမှားသွားတာလဲ။ထိုမသေချာမရေရာတဲ့ဇာတ်လမ်းမှာ ချစ်ခဲ့ကြတာတော့အမှန်။မဟုတ်ဘူး....ချစ်နေသေးတယ်...ကျမယုံတယ်ချစ်နေသေးတယ်ဆိုတာကို။

.....................................

နေပူလွန်းလို့ ချွေးတွေကနဖူးကနေတဆင့်မျက်နှာထက်သို့စီးကျလို့နေသည်။ထီးဆောင်းထားပေမဲ့လည်း ပူပြင်းတဲ့နေကိုတော့အပြည့်အဝမကာကွယ်ပေးနိုင်ပေ။‌သင်တန်းကအပြန်မေမေ မှာတဲ့ပစ္စည်းတွေကိုမနိုင်မနင်းလက်တစ်ဖက်တည်းကိုင်ကာတစ်ဖက်ကထီးကိုင်ထားပီးကျောပိုးအိတ်ကိုလဲလွယ်ထားရတာလွယ်တော့မလွယ်။အဖြူရောင်တီရှပ်လက်တို‌လေးကို မှိုတက်ရောင်ဂျင်းဘောင်းဘီရှည်အပွလေးဝတ်ဆင်ထားကာပခုံးလောက်ရှိသည့်ဆံပင်ကိုစုချည်ထားသည့်သူမက ဖရိုဖရဲ‌ဆန်နေနိုင်သည်။

ပလက်ဖောင်းကနေ လမ်းလျှောက်လာကာTaxiငှားလိုက်သည်။ကားထဲရောက်မှလူကတော်တော်သက်သာသွားသည်။အိမ်‌ရှေ့ရောက်တော့တံခါးဖွင့်ဖို့ အထုတ်တွေကိုမချချင်တာနဲ့မေမေ့ကိုလှမ်းခေါ်ရသေးသည်။ထိုတော့မှ မေမေကထွက်လာကာ...

"ပစ္စည်းစုံရဲ့လား အငယ်လေး"

သူကတစ်ဦးတည်းသောသမီးဆိုပေမဲ့ အိမ်မှာအငယ်ဆုံးလေးမို့လို့ မေမေနဲ့ဖေဖေကအငယ်‌လေးလို့ခေါ်လေ့ရှိသည်။

"မေမေမှာတဲ့အတိုင်း တမျိုးမကျန်ဝယ်လာပါတယ်ရှင့် ပူလွန်းလို့ရေသောက်ချင်နေပီ"

"အမလေး ဟုတ်ပါပီရှင်ဝင်ပါ..ဝင်ပါ"

ရေကိုတစ်ဘူးလုံးကုန်အောင်မော့သောက်လိုက်ပီး ဧည့်ခန်းထဲကဆိုဖာပေါ်မှာလှဲချလိုက်သည်။

"ဖေဖေ ဘယ်တော့ပြန်လာမယ်တဲ့လဲ"

မီးဖိုချောင်ထဲဝင်ဖို့လုပ်နေတဲ့ မေမေ့ကိုလှမ်းမေးလိုက်သည်။

‌"နောက်တပတ်လောက်ပြန်လာမယ်ပြောတာဘဲ အလုပ်တွေရှုပ်နေတယ်ထင်ပါရဲ့...လွမ်းနေပီလား"

ဖေဖေက အင်ဂျင်နီယာတစ်ယောက်ဖြစ်သည်။အမြဲတမ်းလိုလို တခြားမြို့ကိုခရီးထွက်ရပီး အိမ်မှာသိပ်နေလေ့မရှိပါ။မေမေက အရင်ကစာရေးဆရာမဖြစ်ပြီးတိမ့်ကိုမွေးပြီးနောက်ပိုင်း ဆက်မရေးဖြစ်တော့ပေ။တိမ်က‌တော့ ဆေးကျောင်းသူဖြစ်သည်။ဖေဖေအိမ်မှာ‌ရှိလျှင် တိမ်တို့သားအဖသီချင်းဆိုလေ့ရှိသည်။တိမ်က ဂီတာတီးပြီးဖေဖေက ဖေဖေ့ရဲ့ဆွဲဆောင်မှုရှိတဲ့ဩရှရှအသံနဲ့သီချင်းဆိုသည်။မေမေကတော့ ပရိသတ်ပေါ့။ဖေဖေ မေမေ့ကိုပိုးပန်းတုန်းကဆိုဖေဖေကဂီတာတီးပြီးမေမေ့အိမ်ရှေ့ညတိုင်းသီချင်းသွားဆိုတယ်လို့ပြောဖူးသည်။

♡Die For You♡Where stories live. Discover now