အပိုင်း(၃)

66 6 1
                                    

ဆရာဝန်မလေးက စိတ်ဆိုးသွားတယ်ထင်ပါတယ်။ထိုင်ခုံမှာထိုင်ပြီး လူနာစာရင်းတွေကြည့်နေသည်။စိတ်ဆိုးတယ်ဆိုလဲ ဒီကချော့ဖို့အသင့်ပါဘဲ လော"ဆယ်တော့စိမ်းကိုစအုံးမည်။

"ဖြေလေ စိမ်းရဲ့...‌ကျွန်မကစိမ်းထက်ငယ်တော့မောင်လို့မခေါ်ချင်ဘူးလားလို့"

"မင်း ပေါက်ကရတွေအရမ်းတတ်တာဘဲ"

"အဲ့ပေါက်ကရတွေကို မောင့်စိမ်းကကြိတ်သဘောကျနေရတာဘဲမဟုတ်လား"

"မောင့်စိမ်း"လို့သုံးလိုက်တော့ ဆရာဝန်မလေးရဲ့နှာရွက်ဖျားတွေကနီရဲသွားသည်။မျက်နှာကသာတည်ငြိမ်နေတာ နှာရွက်လေးတွေဖြင့်နီလို့။ဒီနေ့ဆံပင်ချည်ထားတဲ့စိမ်းကိုတိတ်တဆိတ်ကျေးဇူးတင်နေမိသည်။

"ဘာကြိတ်သဘောကျတာလဲ...တစ်စက်မှကိုမကြိုက်ဘူး"

"မောင့်စိမ်းကမကြိုက်ဘူးသာပြောတာ နှာရွက်ဖျားလေးတွေဖြင့်နီလို့"

ထိုတော့မှ စိမ်းကသူခိုးလူမိသွားသလိုမျိုးတိမ့်ဘက်ကိုတချက်လှည့်လာပြီး လူနာစာရင်းကိုတည်"ငြိမ်ဖြင့်ပြန်ကြည့်နေသည်။

"ငါဒီနေ့ မင်းကိုအလုပ်သင်အတွက်ခေါ်လာတာဒီလိုမျိုးပေါက်ကရတွေကို ထိုင်ပြီးလာပြောနေဖို့မဟုတ်ဘူး"

"သိပါတယ် စိမ်းရဲ့..အချိန်ရတုန်းလေးမောင့်စိမ်းကိုလာပိုးပန်းတာပါဗျာ"

တိမ်က မိန်းကလေးသာဖြစ်တာ။ဗျာလို့သုံးရင်သိပ်ကိုလိုက်ဖက်သည်။မောင့်စိမ်းလို့ခေါ်ရင်း သူ့ကိုယ်သူမောင်လို့သုံးရင်မိန်းကလေးတန်မဲ့ ယောင်္ကျားလေးလိုသိပ်ကိုဆွဲဆောင်မှုရှိသည်။

"ခနနေ အလုပ်သင်တွေရောက်လာတော့မှာအဆင်သင့်လုပ်ထား"

"ဟုတ်ပါပီ မောင့်စိမ်းရဲ့"

ထိုသို့ပြောတော့ စိမ်းကမျက်စောင်းမသိမသာလေးထိုးလိုက်သည်။ချစ်စရာလေးကွာ။တွေ့တာမကြာသေးပေမဲ့ စိမ်းကိုချစ်မိသွားပြီထင်ပါရဲ့။စိတ်ကစားတာဖြစ်နိုင်ပေမဲ့ စိမ်းကိုတော့မဟုတ်ပါ။ဆရာဝန်မလေးကညို့အားပြင်းသည်။လူတစ်‌ယောက်ကိုချစ်မိဖို့ဆိုတာ အချိန်တွေမလိုအပ်ပါဘူး။

You've reached the end of published parts.

⏰ Last updated: Jun 30, 2023 ⏰

Add this story to your Library to get notified about new parts!

♡Die For You♡Where stories live. Discover now