တိမ် ဧည့်ခန်းထဲကဆိုဖာပေါ်မှာထိုင်ရင်းဂီတာကြိုးညှိနေသည်။ဖေဖေက အရင်ရက်ကမှခရီးကပြန်ရောက်သည်။မေမေကတော့ အိမ်ရှေ့ကပန်းပင်တွေကိုရေလောင်းနေသည်။
လက်ချောင်းရှည်ရှည်သွယ်သွယ်လေးတွေကတီးတဲ့ ဂီတာသံပေါ်ထွက်လာပြီးနောက်မှာ ဩရှရှအသံလေးကလိုက်ပါလာသည်။
*ဟောင်းနွမ်းသွားတဲ့ မင်းရဲ့ဓာတ်ပုံလေးဟာကိုယ့်ပိုက်ဆံအိတ်ထဲအရင်လိုပါ*
*အေးချမ်းလွန်းတဲ့ မင်းရဲ့မျက်နှာလေးတွေ့မိတဲ့အခါခနလောက်တွေ့ချင်လိုက်တာ*
*ခြောက်သွေ့တိတ်ဆိတ်လွန်းတဲ့ ကိုယ့်နေ့ရက်များဟာ အမှန်တကယ်အတိတ်မေ့သွားရင်ကောင်းမှာ*
အိမ်ရှေ့မှာ ပန်းပင်ရေလောင်းနေတဲ့မေမေ့ဘက်ကိုမျက်နှာမူကာ ခံစားချက်အပြည့်နဲ့သီဆိုနေသည့်ဖေဖေနဲ့ ခန္ဓာကိုယ်ကိုဘယ်ညာတစ်လှည့်စီလှုပ်ရမ်းပြီးဂီတာတီးနေသည့်တိမ်တို့သားအဖကိုကြည့်ကာ မေမေကပြုံးကာမနိုင်ဘူးဆိုသည့်အကြည့်နဲ့ခေါင်းယမ်းပြသည်။
*ကိုယ့်အသက်ရဲ့မှီတည်ရာ မင်းအပြုံးလို့ဖြေဆိုမယ်*
*ဘယ်လွယ်ပါ့မလဲ အသည်းလေးရယ်သေမလိုဘဲသိရဲ့လားကွယ်*
ဖေဖေ့ရဲ့ဩရှရှအသံလေးနဲ့အတူ တိမ့်အသံပါ ပါလိုက်သေးသည်။သားအဖနှစ်ယောက်သား ညီနေကြတာများ။သီချင်းပြီးသွားသည်နှင့် ဘဲလ်တီးသံကမြည်လာသည်။
*တီး တောင်*
မေမေက တံခါးသွားဖွင့်လိုက်သည်။
"သမီးစိမ်းပါလား"ဆိုသည့်မေမေ့အသံကြားသည်နှင့် တိမ်တစ်ယောက်ခေါင်းထောင်လာသည်။ဒါကိုတွေ့ဖြစ်အောင်တွေ့သွားသည့်ဖေဖေက ဘာဖြစ်တာလဲဆိုသည့်အကြည့်ဖြင့်။မေမေနဲ့စိမ်းက အိမ်ထဲကိုဝင်လာသည်။
"သမီးစိမ်း ဘယ်လိုရောက်လာတာလဲ"ဟုမေမေကမေးတော့ စိမ်းက...
"ဆေးကျောင်းသူလေးကိုလာခေါ်တာပါ အန်တီ"
"ဟေ.."
"ဟို..ဒီလိုပါအန်တီ စိမ်းတာဝန်ကျတဲ့ဆေးရုံမှာဒီနေ့အလုပ်သင်တွေလာတယ်လေ အဲ့တာတိမ်များစိတ်ဝင်စားရင် လာလေ့လာကြည့်လို့ရတယ်"
YOU ARE READING
♡Die For You♡
Romanceနာကျင်မှုတွေရဲ့အစကဘာလဲ။ဘာတွေမှားသွားလို့လဲ။ချစ်ရက်သားနဲ့ဘာတွေကများမှားသွားတာလဲ။ထိုမသေချာမရေရာတဲ့ဇာတ်လမ်းမှာ ချစ်ခဲ့ကြတာတော့အမှန်။မဟုတ်ဘူး....ချစ်နေသေးတယ်...ကျွန်မယုံတယ်ချစ်နေသေးတယ်ဆိုတာကို။ တိမ်ခေတ်လွှာ♡စိမ်းသက်နောင်
