1

143 14 0
                                    

Uni✔

"မောင် ထတော့"

"မောင် မနက်စာစားတော့မလား"

"မောင်! လူကိုစိတ်ဆိုးအောင်မလုပ်နဲ့"

"မောင် ငါ့ကိုချီ"

"မောင် ငါ့ကိုချစ်လား"

"မောင် မင်းရဲ့အသံကကောင်းလိုက်တာ မင်းအဆိုတော်လုပ်ပါလား"

"မောင် ကအများကြီးချောတယ် အဲ့တော့ငါကသဝန်တိုရတာပေါ့"

"မောင် ချစ်တယ်နော်"

"မောင် ငါတို့လမ်းခွဲရအောင်"

ဝိုးတိုးဝါးတားကြားနေရသော ရင်းနှီးနေခဲ့သောအသံငယ်လေး....။ထို့အတူ မြင်နေရသော သူ့ရဲ့ပုံရိပ်

"မဟုတ်ဘူး မောင်ဘာမှားလို့လဲဟင် အချစ်မကြိုက်တဲ့ဆေးလိပ်တွေသောက်မိလို့လားမောင်မသောက်တော့ဘူးမို့ မထားသွားပါနဲ့"

သေးသွယ်သွယ်လက်လေးတွေကိုဆုပ်ကိုင်ကာ အရူးတစ်ယောက်လိုစကားပြောနေတဲ့သူ့ရဲ့ပုံစံကိုကြည့်ရင်း ချစ်ရသူဟာလှောင်ရယ်သည်။

"ငါမင်းကိုမချစ်ဘူး ထယ်ဟျွန်း"

"အချစ် မောင့်ကိုစိတ်ဆိုးနေတာ ဟုတ်တယ် အချစ်မောင့်ကိုစိတ်ဆိုးနေတာမလား"

"တော်တော့! ငါမင်းကိုမချစ်တာမို့ ထွက်သွားပေးပါတော့"

"တောင်းပန်ပါတယ် မောင်ကဒီလိုတောင်းပန်တာမို့ မထားသွားပါနဲ့"

ချစ်ရသူရှေ့ ဒူးထောက်ကာ အထပ်ထပ်တောင်းပန်နေသောသူ၏ပုံရိပ်

"တောင်းပန်ပါတယ် မထားသွားပါနဲ့"

*ဝုန်း!*

လူက လန့်ဖြတ်ကာကုတင်ပေါ်တွင်ထိုင်လျက်သားဖြစ်နေခဲ့သည်။မျက်နှာပေါ်ကစိုစိစိအထိအတွေ့ကြောင့် စမ်းကြည့်မိတော့ မျက်ရည်စအချို့

ဟက် ခနဲတစ်ချက်ရယ်လိုက်ပြီးနောက် အရူးတစ်ယောက်လိုစကားပြောမိသည်။

"ဒီလိုပါဘဲ မောင့်အတွက်မင်းမရှိတဲ့နေ့ရက်တိုင်းက ဒီလိုပါဘဲ"

မျက်ရည်စတွေကို ခပ်ကြမ်းကြမ်းဖိသုတ်လိုက်ပြီးနာရီကိုကြည့်လိုက်တော့ မနက်၅နာရီကိုညွှန်ပြနေသောလက်တံ။မထူးတော့ပါဘူးဟုတွေးကာ ထလိုက်တော့သည်။

Opening SequenceWhere stories live. Discover now