4

100 10 11
                                    

Uni✔

"ငါအဆင်ပြေဘူး မောင်"

ခပ်တိုးတိုးရေရွတ်ရင်း လက်ချောင်းသွယ်သွယ်တို့ကလည်းတစ်ခုခုကိုချရေးနေသည်။

"မင်းမရှိလည်းငါအဆင်ပြေမယ်ထင်ခဲ့တာ"

နှစ်ခမ်းဖူးလေးဟာပြုံးယောင်သမ်းပြီးပြောနေသော်လည်း မျက်ဝန်းထဲတွင်တော့မျက်ရည်စတွေဟာပြည့်နှက်နေသည့်ကောင်လေးဟာ မည်မျှပင်နာကျင်နေသနည်း။

"ငါလေ...ငါ မင်းကိုအများကြီးသတိရတယ်"

ချရေးနေသည့်စာအုပ်လေးထက်တွင်မျက်ရည်စတွေဟာ ဟိုတစ်ပေါက်ဒီတစ်ပေါက်နှင့်စိုရွှဲသွားတော့သည်။

"ငါတွေးနေတာကလေ ငါသာ..မင်းကိုမထားခဲ့ရင်အခုချိန်မှာငါတို့ပျော်ရွှင်နေလောက်မယ်ထင်တယ်"

"ဒါပေမယ့်မင်းကအခုတော့အဆင်ပြေနေတယ်ထင်ပါတယ်"

"မမေ့နိုင်သေးဘူး ငါမင်းကိုမမေ့နိုင်သေးဘူး"

"ဒါပေမဲ့ငါအတတ်နိုင်ဆုံး ကြိုးစားပြီးနေနေပါတယ်"

"သတိရတယ်မောင်ရဲ့"

အရှေ့ကဘူးလေးတွင်ရှိနေသော ခြောက်ကပ်နေသည့်နှင်းဆီပန်းလေးကို ထိကိုင်ရင်းအတွေးတွေဟာလွန်ခဲ့သည့် အချိန်တွေဆီခဏတာပြန်ရောက်သွားရင်....

"မောင် ဒီနှင်းဆီပန်းတွေကိုကြည့်ပါဦး
လှတယ်"

"ဂယူနဲ့ဆိုလိုက်မယ်ထင်တယ် ပန်ချင်လားဂယူ"

"ငါကယောင်္ကျားလေးလေမောင်"

"ယောင်္ကျားလေးက ပန်းမပန်ရဘူးလို့ဘယ်သူအမိန့်ထုတ်ထားလို့လည်း"

"အဲ့လိုတော့မဟုတ်ပေမယ့် ဖေဖေက ငါပန်းပန်တာမကြိုက်ဘူး"

"....."

"ငါငယ်ငယ်က ပန်းတွေကိုအများကြီးကြိုက်ခဲ့တာ"

"အဲ့ဒါ့ကြောင့် မေမေကငါကြိုက်တဲ့ပန်းတွေကိုဝယ်ပြီးငါ့ကိုပန်ပေးခဲ့ဖူးတယ်"

"ဒါပေမယ့်ဖေဖေက မကြိုက်လို့ငါ့ကိုမပန်ပေးဖို့ပြောတယ်"

"ငါအဲ့တုန်းကနားမလည်ခဲ့ဘူး ကလေးဆိုတော့ကိုယ်စိတ်ပျော်ရာကိုယ်လုပ်တတ်တာ အဲ့တော့မေမေ့ကိုအတင်းပန်ပေးခိုင်းတော့ မေမေကပန်ပေးတယ်"

Opening SequenceWhere stories live. Discover now