5

96 10 5
                                    

Uni✔

"နေပါဦး ဒါဆိုမင်းကငါ့ကိုမခေါ်လာချင်တာ ဂျောင်ဝန်းရှိနေလို့ပေါ့ ဟုတ်လား"

"ဖြေးဖြေးပြောပါကွ နားတွေပေါက်ထွက်တော့မယ်"

"မင်းကွာ တော်တော်ကိုရက်စက်တာဘဲ"

"ဧည့်သည်လာတယ်ထင်တယ် တိတ်တိတ်နေစမ်းပါ ဂန်ထယ်ဟျွန်း"

တံခါးပေါက်ကိုအမြန်သွားပြေးဖွင့်သည့် jayကိုကြည့်ရင်း သူခေါင်းသာခါမိတော့သည်။

"ဟင် ဘောမ်ဂယူဟျောင်း"

ထိုအမည်ကြောင့်သူ့ခေါင်းဟာထောင်ခနဲ။
Jayနဲ့ဂယူကတော့ဘာတွေပြောနေလည်းမသိ

"ဂျောင်ဝန်းကနေသိပ်မကောင်းချင်လို့ ဆိုပြီးဖုန်းဆက်လာလို့လာခဲ့တာ အဆင်ပြေရဲ့လား'

Jayမှာ ထိုကိစ္စကိုသူလည်းမသိရပါလားဟုတွေးရင်း နောက်မှ ထယ်ဟျွန်းကိုတွေးမိသွားသည်။

"အော ဟုတ်တယ် ဟုတ်တယ် အခန်းထဲမှာနားနေတယ်"

"အင်း"

ဧည့်ခန်းထဲရောက်လာသည့်ဘောမ်ဂယူဟာ ဆိုဖာပေါ်ထိုင်နေသည့်ထယ်ဟျွန်းကိုမြင်မြင်ချင်း မျက်ဝန်းတွေဟာဝိုင်းသွားသည်။

ထယ်ဟျွန်းကလဘ်းနေရခက်ဟန်ဖြင့် လည်ကုတ်ကိုပွတ်သပ်နေသည်။ဘောမ်ဂယူကတော့ တစ်ခြားကိုအကြည့်လွှဲနေသည်။

"ဘောမ်ဂယူဟျောင်း ဒီမှာခဏထိုင်လိုက်ဦး ဂျောင်ဝန်းကိုသွားခေါ်ပေးမယ်"

"အော အင်း"

သူ့ဘေးတွင်ငြိမ်ငြိမ်လေးဝင်ထိုင်လာသည့် ဘောမ်ဂယူရဲ့မျက်နှာလေးကိုမရဲတရဲခိုးကြည့်မိသည်။

"ဂယူ"

"ဟ..ဟင်"

"ညအိပ်လာတာလား"

"အော ဟုတ်..ဟုတ်တယ်"

"နေ..နေမကောင်းဘူးလား"

"ကောင်းပါတယ်"

နေရခက်သည့်အခြေအနေတို့ကြောင့်စကားတွေထစ်ကာ ပြောချင်ရာတွေပြောမိကုန်တော့သည်။

"မင်းက ဘာလို့ရောက်..ရောက်နေရတာလည်း"

"အိမ်ပြန်လာရင် သေမယ်ဆိုလို့"

Opening SequenceWhere stories live. Discover now