Part3💔(uni& zawgyi)

162 14 2
                                    

ကျွန်တော်နဲ့အမေနဲ့ မြို့ ကို ရောက်လာခဲ့ကြ‌တယ်
မြို့အကြောင်းဘာမှမသိသူပီးပီမေမေလည်း ယောင်လည်လည်နှင့် ကျွန်တော်လည်း ဒီလောက်လူသွားလာများတဲ့နေရာကို အခုမှရောက်ဖူးတာပင်ဖြစ်သည်

ထို သားအမိနှစ်ယောက်သည် ပစ္စည်းအိတ်တွေနှင့် အတူ အရမ်းကို ချုံကျသော ရပ်ကွက်တစ်ခုရောက်လာခဲ့လေသည်

ထိုရက်ကွက်က ဆင်းရဲသားရပ်ကွက်လို့ ခေါ်ရင် ပိုမှန်လိမ့်မည်

ဒါပေမယ့် ဆင်းရဲသားရပ်ကွက်ဆိုပေမယ့် ဖော်ဖော်ရွေရွေရှိကြတာမို့ အဆင်ပြေသည်

"ဟိုလေကျွန်မတို့ အခုမှပြောင်းလာတာပါ "

အမေက ကျွန်တော်တို့ ဘေးတိုက်ခန်းက အဒေါ်ကို နှုတ်ဆက်သည်

"အော် ဟုတ်လား "

"ဟုတ်တယ် ဒါက ကျွန်မသားလေးလေ"

"အင်း ညီမ အကူညီလိုရင်ပြောနော် မမကို ကိုယ့်မိတ်ဆွေလို သဘောထားကြားလား ဒီရပ်ကွက်မှာနေတဲ့ လူတွေ အားလုံးက မိသားစုတွေလိုပဲ"

"အော် ဟုတ်ကဲ့ ရှင့် "

"အေးကွယ် ခရီးပန်းလာတာမလား နားကြတော့လေ "

"ဟုတ် အစ်မ ဒါနဲ့လေ တိုက်ခန်းစရိတ်ကို ကြိုပေးလို့ရလားအစ်မ"

"အော် ရပါတယ် ညီမ"

အဲ့လိုနဲ့ ကျွန်တော်တို့ ထို တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ ဘဝကို တည်ဆောက်ခဲ့ကြတယ်

....................................
အဖြူရောင် ဝမ်းဆက်အင်ကျီနှင့် ဖိနပ်အဖြူလေး ကို ဝတ်ဆင်ကာ အိမ်ပေါ်ထပ်ကနေ ပြေးဆင်းလာသော သခင်လေးဆိုသော park jimin သည် ဤသို့ပင် ကလေးဆန်ပေမယ့် မိခင်နှင့် ဖခင်အနားရောက်သောခါ မျက်နှာကတည်တံ့လျက် ရှိလေသည်

"မေ့သားလေး က ချစ်စရာလေးကွယ်"

အမေဖြစ်သူသည် သားဖြစ်သူကို အသည်းယားတာကြောင့် ဖြူဥဥ ပါးအိအိလေးနှစ်ဖက်ကို မွှေးကြူးလေတော့ ပြုံးလာသော jimin. လေး

*အမလေး ဘုရား ဘုရား အခု ကျွန်မသားလေး ပြုံးလိုက်တာလား*

"မေမေ"

"ပြောလေ သား"

"သား ကစားကွင်းသွားချင်တယ် လိုက်ပို့ပေး"

Poison💔Donde viven las historias. Descúbrelo ahora