part4💔(uni& zawgyi)

255 13 5
                                    

Taehyung တစ်ယောက် မနက် မိုးလင်းလာတာနှင့်အမျှ အမေဖြစ်သူအတွက် လက်ဖက်ရည် အပြေးကျိုပေးလေသည်

"မေမေသား လက်ဖက်ရည်ဖျော်ထားပေးတယ်နော် သောက်လိုက်နော် သားကျောင်းသွားတော့မယ်"

"အင်းပါကွယ်"

အဝတ်လျှော်နေရင်း အမေဖြစ်သူက အော်ပြောလာလေသည်

"သားသွားပြီးနော် မေမေ"

"ဟဲ့သား ထမင်းစားသွားအုံးလေ"

"ဟီးဟီး သားစာနောက်ကျနေလို့ ကူးရအုံးမယ် မေမေ"

"အင်းအင်း အစာပြေလေး မုန့်စားဖို့  အံဆွဲထဲက ပိုက်ဆံယူသွားနော် "

"ဟုတ်ကဲ့ မေမေ"

Taehyung မေမေသည် အိမ်ရှေ့တွင် ပန်းကလေးရောင်းကာ ဝင်ငွေရှာလေသည်

......................
ကျောင်းတော်ကြီးရှေ့တွင် သစ်ပင်ကြီးတစ်ခုအောက်၌ စာထိုင်ကြည့်နေသော taehyung တစ်ယောက်သည် အေးအေးချမ်းချမ်းပင် ရှိလေသည်

နွံလျလျ ကျောင်းဝတ်စုံလေးနှင့် တည်ရှိနေပါသော်လည်း taehyung လေးရဲ့ တည်ကြည်ခန့်ညားမှု အရှိန်ဝါကိုတော့ ဖုံးအုပ်လို့ မရနိုင်ပေ။

Taehyung သည် နေ့တိုင်းနေ့တိုင်း ကျောင်းဖွင့်ရက်တွင် ထို သစ်ပင်ကြီးအောက်၌ထိုင်ကာ စာဖတ်လေ့ရှိသည်

စာဖတ်ဝါသနာပါသူမို့ သူငယ်ချင်း အရှုပ်အရှင်းလည်းကင်းသည် ။

ကျောင်းတွင် စံပြကျောင်းသားလည်း ဖြစ်သည်

"ဟေးးးးးးးးးး taehyung!!!!!"

Taehyung ၏အချစ်ဆုံး သူငယ်ချင်းလေး Jung hoseok လာပါပြီး
တစ်နေ့တစ်နေ့ ကျောင်းတွင် အမြဲတမ်းပြသနာတက်သော Jung hoseok လည်းခေါ်ရင် ဟုတ်ပါမည်

"Taehyung ငါခေါ်နေတယ်လေကွာ"

"ပြော"

စကားဆိုလည်း အနည်းငယ်သာပြောသော Kim taehyung ရယ်ပါ

"ငါလေ သခ်ျာအိမ်စာ မပြီးသေးဘူး အဲ့ဒါလေ assignment ကလည်း တင်ရအုံးမှာ"

"ရော့ ကူးးး"

အချေ Kim taehyung ကြီးသည် သခ်ျာစာအုပ်လေး ကမ်းပေးကာ Jung hoseok အား ကူးစေသည်

Poison💔Dove le storie prendono vita. Scoprilo ora