သူဌေးက ဒီနေ့ အိမ်ကို လာဖို့ မှာထားတဲ့အတွက် ထွန်းတောက် စာရင်းဖိုင်ကို ပြင်ရတယ်။ သူဌေးက ဒီလိုပဲ။ အချိန်ရယ်အခါရယ်မဟုတ် စိတ်မြန်တဲ့အတွက် တစ်ခုခု ခိုင်းရင် ချက်ချင်းသွားမှ အဆင်ပြေတယ်။ ဒါနဲ့ စာရင်းဇယားတွေပါတဲ့ ဖိုင်ကို ထည့့်ပြီး သူဌေးရဲ့ ခြံကို သွားရတယ်။
ခြံဝမှာ Taxi ရပ်လိုက်တဲ့ အချိန်မှာ ရင်းနှီးနေတဲ့ ခြံစောင့်က ပြုံးပြီး တံခါးဖွင့်ပေးတယ်။
"ဗျို့ ဦးမျိုး။ သူဌေး ခေါ်ထားလို့ဗျ။ ဝင်သွားမယ်နော်"
"အေး အေး သူဌေးက မင်းလာမယ်ပြောထားတယ်။ ဝင်သွားလိုက်။"
သူဌေးရဲ့ တိုက်က ခေတ်မီ တစ်ထပ်တိုက်လေး။ အရှေ့မှာ ပန်းဥယျာဉ်ယျာဉ်နဲ့ ရေကူးကန်လည်း ရှိတယ်။ သိပ်သာယာတဲ့ ခြံလေးပေါ့။ သူဌေးတွေက ဒီလိုနေရာမျိုး နေနိုင်တာပေါ့ဆိုပြီး ထွန်းတောက် တွေးမိတယ်။ သူဌေးက သူ့ထက် ဆယ်နှစ်လောက်တော့ ကြီးတယ်။ သူဌေးရဲ့ အသက်က လေးဆယ်ရှိပြီ။ ဒါပေမဲ့ ကျန်းမာရေး လိုက်စားတဲ့သူမို့ တောင့်တင်းကြံ့ခိုင်တယ်။ ရုပ်ကလည်း လေးဆယ်လို့ မထင်ရအောင် အရွယ်တင်တယ်။သူဌေးက ရုပ်ရည်ချောတယ်လို့ ပြောလို့ရတယ်ဆိုပေမဲ့ အေးစက်စက်နဲ့ တည်တင်းတဲ့ မျက်နှာကြောင့် ထွန်းတောက် သူဌေးနဲ့ ရင်းရင်းနှီးနှီး စကားမပြောရဲဘူး။ သူဌေးက စကားပြောလည်း ပြတ်တယ်။ လုပ်စရာရှိတာလည်း ရှင်းရှင်းလင်းလင်း လုပ်တတ်တယ်။ သဘောတော့ ကောင်းပါတယ်။ ဒါကြောင့်လည်း သူဌေးခိုင်းတာ မှန်သမျှ ထွန်းတောက်မငြင်းနိုင်ပါဘူး။
အိမ်ထဲ ဝင်သွားတော့ ခါတိုင်းရှိနေကျ အိမ်ဖော် အဒေါ်ကြီး မရှိဘူး။ အသံလည်း မကြားဘူး။ ဒါနဲ့ ဖိုင်လေးကို စားပွဲပေါ်မှာပဲ ချပြီး ဧည့်ခန်းထဲမှာ ထိုင်နေလိုက်တယ်။
ခဏကြာတော့ ထွန်းတောက် ပျင်းလာတယ်။ လူရိပ်လူယောင် မမြင်ရတော့ အိမ်ဖော်အဒေါ်ကြီး မီးဖိုခန်းထဲမှာ ရှိမလားမသိဘူးဆိုပြီး သွားကြည့်ဖို့ ထလာလိုက်တယ်။
မီးဖိုခန်းထဲ မရောက်ခင်မှာ အိပ်ခန်းနှစ်ခန်း တစ်ဆက်တည်း ရှိတယ်။ အိပ်ခန်းရှေ့ ရောက်တဲ့အခါ ညည်းသံကြားရတော့ ထွန်းတောက် စပ်စုချင်စိတ်ပေါ်လာပြီး တံခါးကြားက ချောင်းကြည့်လိုက်မိတယ်။ တံခါးက လော့ခ်ချထားတာမဟုတ်ဘဲ စေ့ရုံစေ့ထားတာဆိုတော့ ခပ်ဟဟဖြစ်နေတာနဲ့ အထဲကို ထင်ထင်ရှားရှား မြင်ရတယ်။