Unicode
ချစ်ရတဲ့သူတွေက ခဏနားလိုက်ပါအုံးလို့ပြောနေပေမဲ့ အချိန်ပိုလေးရှိနေတုန်း နောက်တစ်ပုဒ်ကိုရေးမိတယ်ပေါ့ရှင် ။ နားစေချင်တဲ့ စိတ်စေတနာ ၊ ကိုယ့်အပေါ်ထားတဲ့မေတ္တာတွေကို မျက်ကွယ်ပြုတာမဟုတ်ရပါကြောင်း ။
အခုရေးမဲ့ " သင့်မြတ်သာယာ " ထဲမှာ ပါဝင်တဲ့ အမျိုးသားနှစ်ယောက်ရဲ့ အသက်ကွာခြားမှုက နှစ်နှစ်ဆယ်နီးပါးပါ ။ နောက်ပြီးတော့ " မေတ္တာစုံညီ ချစ်ခြင်းဝေသီ "ထဲမှာပါတဲ့ ရပ်ကွက်လေးကိုပဲ အခြေတည်ပြီးရေးမှာဆိုတော့ စိမ်းစိုနေတဲ့သစ်ပင်တွေပါမယ် ၊ လူအချင်းချင်းကြားက မေတ္တာတွေနဲ့ သူငယ်ချင်းတွေကြားမှာဖြစ်တတ်တဲ့ အလွဲတချို့ကိုလဲ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် ကြိုးစားပြီးဖန်တီးပေးပါမယ် ။
အခါအခွင့်သင့်ရင် အဆိုးလေး ပီတာထွန်းညွန့်ဆီကိုလဲ ကိုယ်က အလည်ခေါ်သွားပေးပါမယ် ။ သူ့ဆိုင်ကိုသွားပြီး ကိုယ်နဲ့အတူတူ လျှပ်စစ်ပစ္စည်းလေးတွေ သွားဝယ်ကြတာပေါ့ ။
ဦးသင့်မြတ်ဆိုတဲ့ လူကြီးရဲ့အကြောင်းကိုလဲ အကြမ်းဖျင်းလေးပြောပြအုံးမယ် ။ အဲဒီလူကြီးကလေ စိတ်ရင်းလေးမဆိုးရှာပေမဲ့ အပြောအဆိုကတော့ တုတ်ထိုးအိုးပေါက်ရှင် ။ လူပျိုကြီးမို့ ကန့်လန့်တိုက်ဂွစာကျနေတယ်လို့ ထင်မှတ်လိုက်ရင် အမှားကြီးမှားသွားမယ်လို့ပဲ ကြိုပြောပြထားပါရစေ ။ ဟိုးကလေးဘဝကတည်းက ခြေမနှစ်ချောင်းကိုကြည့်ပြီး အစုံလိုက်ရှိပါရဲ့နဲ့ ဘာဖြစ်လို့ခြေစုံလို့မခေါ်ဘဲ ခြေမလို့ခေါ်ရလဲဆိုပြီးတော့ မိဘတွေကို ဂျစ်တိုက်မေးတဲ့ကလေးမျိုးပေါ့ ။
" ဒေါ်ခင်လေးဉာဏ် "
" ရှင်...ရှင် "
" ဘာကြောင့် ကျွန်တော့်အကြောင်းတွေကို သူများတွေကိုလိုက်ပြောနေရတာလဲ "
" မပြော...မပြောရပါဘူးရှင် "
" အခုပဲပြောနေတာကို မပြောပါဘူးဆိုတော့ ဘာလဲ...ခင်ဗျားကရန်စတဲ့သဘောလား "
" မဟုတ်ရပါဘူးရှင် "
" ဟင်း...ခင်ဗျား ကျွန်တော့်အကြောင်းတွေကိုရေးရင် ကျွန်တော်ကလဲ ခင်ဗျားရဲ့အကြောင်းတွေကိုပြန်ရေးမှာနော် "
ESTÁS LEYENDO
သင့်မြတ်သာယာ /သင့္ျမတ္သာယာ( Ongoing)