11

1.8K 297 46
                                    

သူခါးကိုဖက်ထားတဲ့ ဂျွန်ကီဟာ သူနဲ့အကြည့်ခြင်းမလွဲဘဲရှိနေသည်မို့ မူးနေသယောင်ရှိနေသည်သူ အမူးတောင်ပြေချင်သွားသည်။

"ဘာလို့ ဆိုက်ကြည့်နေတာလဲ!!"

".........''

"ဂျွန်ကီရှီ!!"

သူမနေတက်တော့လို မျက်နှာကို တဖက်လှည့်အောင် တွန်းလိုက်ပေမယ့် ချက်ချင်းပြန်လှည့်လာတဲ့ ဂျွန်ကီဟာ  သူမျက်နှာကို မမှိန်မသုန်ကြည့်နေပြန်လေရဲ့။

"ဟာ ဘာလို့ အလိုကြည့်နေရတာလဲဗျာ!!"

"ချစ်ဖို့ကောင်းလို!!"

"အဟက်!! ဒီနေ့တအားမြှောက်နေတယ်နော်
ဘာမှဝယ်မကျွေးနိုင်ဘူး ခင်ဗျားဝတ်လာတဲ့
အဝတ်အစားတွေနဲ့ ကားငှားခတွေ ပေးဖို့ပဲ ပိုက်ဆံရှိတာ!!"

"ဘယ်သူကငှားလာတယ်ပြောလဲ !!"

"မငှားလို?"

"ကိုယ်နဲ့ထိတွေ့ထားတဲ့အရာမှန်သမျှ
အကုန် ကိုယ်အပိုင်တွေလေ!!"

"ဟုတ်လား ဒီbrandအကျီကလေ !!"

"အင်းး shirt ရော ၊ coat ရော ၊ shoes
ရော ၊
နာရီရော ၊ ကားရော ၊
နောက်ပြီး မင်းရော !!"

ဂျွန်ကီစကားကြောင့် သူရယ်နေမိပေမယ့်
နောက်ဆုံးစကားလုံးကြောင့် သူတည်သွားမိသည်။
ဒီအချိန်မှာပဲ လူငယ်တအားဆန်တဲ့ bossက သူစီစဉ်ထားတဲ့  အစီစဉ်တခုဖြစ်တဲ့ ၅မိနစ်
မီးပိတ်ကာ

*ကျန်ခဲ့တဲ့အချိန်အတော်အတွင်း မလုပ်ခဲ့ရတဲ့ လုပ်ရပ်မှန်သမျှ လုပ်ခွင်ရှိသည်*ဟု
ပြောလာတဲ့စကားသံကြောင့် အားလုံးပွဲကျသွားသည်။

ချက်ချင်းဆိုသလိုပဲ မီးတွေမှိတ်ချလိုက်သည်နှင့်
သူခါးပေါ်က လက်တွေက တင်းကြပ်သွားခဲ့လာသလို သူမျက်နှာနားနီးနီးကပ်လာတဲ့ လေငွေ့နွေးနွေးလေး ~~

အခြေအနေတွေကိုသူရိပ်မိလာလို ပခုံးပေါ် တင်ထားမိတဲ့ သူလက်တွေလည်းခပ် တင်း"ဖြစ်သွားမိသည်။
သူမျက်နှာထက်ကိုမဟုတ်ဘဲ လည်ပင်း တွေဆီ
ရောက်လာခဲ့တဲ့ လေငွေ့နွေးနွေးကြောင့် ကြက်တီးတွေပါထလာမိသည်။

"အင်မ်း~~"

ထိတွေ့လာတဲ့ ခပ်အိအိအထိအတွေက သူလည်ပင်းတလျှောက် လျှပ်ပြေးနေသလို
မေးရိုးနဲ့ နားသယ်စပ်လေးထိ နယ်ချဲ့လာပြန်သည်။

P R E C I O U S 💞 ☑️ Completed Where stories live. Discover now