19

999 179 28
                                    

မဟုတ်ဘူးမလား!!

ဒါတွေအားလုံးက အိမ်မက်ဆိုးတွေမလား!!
ဆော့ဂျင်က သူကိုထားခဲ့တယ်ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စမို့ လက်တွေ့မဟုတ်ဘူးမလား!!

ဂျောင်ကု သူပါးသူရိုက်ရင်း အတည်ပြုနေတော့
ဂျီမင်းကသူလက်တွေကိုဆုပ်ကိုင်လာသည်။

" ဘော့စ်ရယ် ကိုယ်အသားကိုယ်
နာအောင်မလုပ်ပါနဲ့ဗျာ!!"

" မင်းဘာလို့ ဒီရောက်လာတာလဲ
ဆော့ဂျင်ကိုရှာပေးမယ်ဆို ငါဆော့ဂျင်ဘယ်မှာလဲ!!!!!"

သောက်လက်စ ဝီစကီခွက်ကို လွှတ်ပြစ်ရင်း
ဒေါသတကြီးပြောလာတဲ့ ဘော့စ်မျက်ဝန်းတွေမှာ
မျက်ရည်တွေအပြည့်။

" Cctvထဲ ဖမ်းယူမိထားတဲ့ ဆော့ဂျင်ရဲ့ပုံရိပ်က
ဘတ်စ်ကားမှတ်တိုင်နားထိသာမို့
အခုထက်ထိ ဆော့ဂျင်အကြောင်း ဘာသဲလွန်စမှာမရသေးပါဘူး ဒါပေမယ့်...."

" ဒါပေမယ့်ဆိုတဲ့စကားထက်
ငါအရှေ့ကင်မ်ဆော့ဂျင် ခေါ်လာပေးမယ်ဆိုတဲ့စကားကြားချင်တယ် ပိုက်ဆံဘယ်လောက်သုံးရ
သုံးရပါစေ~~ ငါ ဂျင်ကိုပြန်တွေ့ချင်တယ်

သူငါကို စိတ်ဆိုးသွားတာများလား!!

ငါ ငါ သူကို လက်ထက်ဖို့ အတင်းတိုက်တွနိးမိသွားလိုများလား~~ ဒါဆို ငါ
ငါ  မလောခဲ့မိပါဘူး~~ သူ ဘက်က~~ "

မျက်ရည်တွေတသွင်သွင်ကျရင်း
ယူကြုံးမရဖြစ်နေပုံရတဲ့ ဘော့စ်က အောက်မှ ထိုင်ချလိုက်တာကြောင့် သူပါ
ဘော့စ် အရှေ့ထိုင်ချလိုက်ရင်း။

" ဘော့စ်အမှားမဟုတ်ပါဘူး
ဘော့စ် က ဆော့ဂျင်နဲ့လက်ထက်ချင်သလို
ဆော့ဂျင်ကလည်း ဘော့စ်နဲ့လက်ထက်ချင်ခဲ့တာလေ~~ ဒါကြောင့် လက်ထက်ပြီးရင် နေမယ့်နေရာတွေအထိ သူစိတ်ကူးယဉ်ပြီး
ဘော့စ်ကိုပြောပြခဲ့တာမဟုတ်ဘူးလား!! "

" ဒါဆို ဘာလို့လဲ
ဒါဆို ဘာလို့ ငါကိုထားခဲ့ရတာလဲ~~
သူငါကို ထားခဲ့ရတာလဲ ဂျီမင်းရယ် !!"

Jeon Group ရဲ့ CEO ဆိုတဲ့ ဂုဏ်ပုဒ်နဲ့
အမြဲ သန်မာနေတဲ့ ဘော့စ်က
အချစ်ကြောင့်ရဲ့ ပြိုလဲနေတာများ။

ဘော့စ်နဲ့ ‌ဆော့ဂျင်ကြား ဘယ်လိုပြသာနာ ၊ ဘယ်လိုအဖုအထစ်မှမရှိခဲ့ကြလို လက်ထက်မယ်အထိ ဖြစ်ကြပြီးခါမှ အခုလို ရုတ်တရက်ကြီး ဆော့ဂျင်ပျောက်သွားရတယ်တဲ့လေ။

P R E C I O U S 💞 ☑️ Completed Where stories live. Discover now