မနေ့ညက ဆော့ဂျင်အိမ်မှာအိပ်ခဲ့တာမို့
မနက်အလုပ်သွားရန် ထိုကနေပဲပြင်ဆင်ရတော့သည်။
အိပ်ရတာကအစ ~~
ဝေးလွန်းလှတဲ့ ကားမှတ်တိုင်ကို
လမ်းလျှောက်ရတာအထိ အဆင်မပြေခဲ့ပေမယ့်
ချစ်ရသူနဲ့အတူ လုပ်ရတာမို့ သူနေသားကျစွာ
ပျော်ရွှင်နေခဲ့မိသည်။သို့ပေမယ့် ဆော့ဂျင်အတွက် အိမ်တလုံးလောက်စီစဉ်ပေးချင်နေသည်။
ယခုအိမ်က အငှားဖြစ်သည်အပြင် ဓာတ်လှေခါးမရှိတဲ့အထပ်မြင့်ဖြစ်သည့်အတွက် အတော်လေး ခက်ခဲနေရှာတာ။" မပင်ပန်းပါဘူး ဂျွန်ရယ်
အပျင်းကြီးတဲ့ကျတော်အတွက်
လေ့ကျင်ခန်းလုပ်ပြီးသလိုတောင်ဖြစ်သေးတယ်ဟု ဟာသလေးနှောကာ ပြောလာတက်တဲ့ကောင်လေးဟာ အခန်းခသက်သာသည်နေရာကို အဓိကထားရွေးချယ်ခဲ့သောကြောင့်ပင်။
ဒါကြောင့် ဒီကောင်လေးအတွက် သူပေးတယ်မှန်းမသိအောင် တိုက်ခန်းတခန်း စီစဉ်ပေးဖို့ အကြံထုတ်နေမိတော့သည်။
"နိုးေနပြီလား ဂျွန်!!"
သူအတွေးများနေတုန်း ကုတင်ပေါ်ကနေလူးလိမ့်ပြီးဆင်းလာတဲ့ အာပေတူးလေးဟာ သူအနားရောက်လာသည်။
" ညက အိပ်လိုမပျော်ဘူးလား ဂျွန်!!"
မာလွန်းလှတဲ့
ကုတင်ပေါ်မှာ အိပ်ရတာ သူအတွက်အဆင်မပြေဖြစ်ကြောင်းကို သိနေပုံရတဲ့ ဆော့ဂျင်ဟာ
သူရင်ခွင်ထဲတိုးဝင်လာရင်း ခါးလေးကိုခပ်ဖွဖွပွတ်ပေးလာသည်။"ကိုယ်အတွေးများနေလို အိပ်မပျော်မိတာပါ
ဂျင်ရဲ့ !!""ဘယ်သူအကြောင်းတွေးနေလိုလဲ!!"
"အလုပ်ကိစ္စတွေပါ ဂျင်ရယါ!!"
ချက်ချင်းကိုယ်ချင်းခွာလိုက်ကာ သူမျက်နှာကို
မယုံသက္ခာဖြင့်ကြည့်လာတဲ့ အိပ်ပုတ်လေးဟာ
အတော်လေးလည်း သဝန်တိုတက်ပြန်ပါသည်။" ဘယ်သူနဲ့တူတူ တာဝန်ယူထားတဲ့
အလုပ်ကို တွေးမိတာလဲ ?တကယ်ကိုစေ့စေ့ပေါက်ပေါက်မေးလာတဲ့
ဆော့ဂျင်ကြောင့် သူမှာစကားမမှားအောင်ထိန်းပြောရတော့သည်။ နိုမို့ဆို စကားအစအနကောက်ကာ သူက်ုစိတ်ဆိုးတော့မည်ပင်။
YOU ARE READING
P R E C I O U S 💞 ☑️ Completed
FanfictionJin : မင်းjeon groupကိုသိတယ်မလား အေး အာကCEO jungkookက ငါချစ်သူလေ !!" Jungkook : ဘယ်လို