21

1K 172 18
                                    

"ဂျွန်~~ "

သတိုးသားဝတ်စုံလေးနဲ့သိပ်ကိုလိုက်ဖက်နေတဲ့
ဆော့ဂျင်က ရှက်ပြုံးလေးပြုံးနေပြန်တာမို့
သူမှာမချီမကဲတွေဖြစ်ကာ ပခုံးလေးကိုဆွဲဖက်လိုက်လေတော့ သူကိုမော့ကြည့်လာတဲ့ မျက်ဝန်းတောက်တောက်လေး။

" မင်းသိပ်လှတာပဲ ဂျင်!!"

နဖူးထက်က ဆံသားတွေကိုသယ်ပေးရင်း ပါးပြင်အိအိလေးကိုပါ ခပ်ဖွဖွပွတ်သပ်မိလေတော့။

" ကျေးဇူးပါပဲ ဂျွန်~~"

" အရမ်းလှတဲ့ မင်းကိုကိုယ်အပိုင်အဖြစ်
သတ်မှတ်ချင်နေပြီမို့ အထဲဝင်ရအောင်
ဖာသာကိုယ်တို့ကိုစောင့်နေပြီ!!"

ခါးလေးမှဆွဲဖက်ရင်း ချက်စ်ထဲဝင်ဖို့သူဦးတည်ပေမယ့် သူနဲ့အတူ လိုက်မလာတဲ့ဂျင်ကြောင့်
သူမျက်ခုံးလေးပင့်ကာ ကြည့်မိလေတော့ ။

" ကျတော် ဂျွန်ကိုလာနှုတ်ဆက်တာ !!"

" ဂျင်!!!"

"ကျတော်ဂျွန်နဲ့လက်မထက်နိုင်ဘူး !!"

" ဂျင် ဘာ ဘာဖြစ်လိုလဲ?
ကိုယ်ဘာ အမှား လုပ်မိလိုလဲ ဂျင်ကိုယ်ကို
ပြောလေ~~ အာတာမှ ကိုယ် အမှားပြင်လ်ုရမှာလေ~~ "

" ကျတော် ဂျွန်ကိုမချစ်နိုင်တော့လိုပဲ
သူစောင့်နေပြီ
ကျတော် သွားတော့မယ်ဂျွန်!!!"

သူလက်ကိုဆွဲဖြုတ်ကာ အပြင်ဘက်ကိုပြေးထွက်သွားတဲ့ ဂျင်နောက် သူပြေးလိုက်မိပေမယ့်
အသင့်စောင့်နေတဲ့ကားတစီးပေါ်
တက်သွားဂျင် ။

" ဆော့ဂျင်!!! ဂျင်!!"

သူအောါခေါ်နေပေမယ့် သူဘက်တချက်လေးတောင်လှည့်မကြည့်လာတဲ့သူက ကားပေါ်မှာရှိနေတဲ့ အမျိုးသားတဦးကို အနမ်းပေးနေပြန်တယ်။

သူထိုမြင်ကွင်းကိုကြည့်ရင်း မျက်ရည်တွေက ဝေ့ဝဲလာသလို ဆော့ဂျင်နမည်ကို ငယ်သံပါအောင်
ခေါ်ရင်း ကားအနားပြေးသွားပေမယ့်
မောင်းထွက်သွားပြီဖြစ်တဲ့ကားကြောင့် ထိုနေရာမှာတင်
ကျန်ခဲ့ရတဲ့သူ။

" ကင်မ်ဆော့ဂျင်!!!!!

မဟုတ်ဘူးးး မင်းကိုယ်ကို ထားခဲ့လိုမရဘူးး
မဟုတ်ဘူးလို!!!!!!!



P R E C I O U S 💞 ☑️ Completed Where stories live. Discover now