What the hell is going on!!

7.6K 155 32
                                    

Gemini Norawit Titicharoenrak။
ထိုင်းနိုင်ငံရဲ့အအောင်မြင်ဆုံးနဲ့အသက်အငယ်ဆုံးစီးပွားရေးလုပ်ငန်းရှင်။အစိုးရအဖွဲ့အစည်းနဲ့ပတ်သတ်တဲ့တရား၀င်လက်နက်ကိုင်ခွင့်ရသူ။

ဒါတင်မကဘူး။ဗိုလ်ချုပ်ဖီဘွန်ဆွန်ခရမ်ရဲ့မျိုးဆက်ဖြစ်တဲ့အပြင်တော်၀င်သွေးပါနေတဲ့ကောင်။ငါဒီအကြောင်းတွေကိုအားနေလို့ထိုင်တွေးနေတယ်ထင်လား?သေချာပေါက်မဟုတ်ဘူးပေါ့!!

အခုငါကဒီမေဘေးရဲ့အခန်းထဲရောက်နေတာလေ။ငါ့လို true blood alphaကလေ!!မင်းတို့စဉ်းစားကြည့်။ငါ့လိုalphaတစ်ကောင်ကနေ့ချင်းညချင်းomegaပြောင်းသွားရတယ်လို့။

ငါ့လည်ပင်းမှာကိုက်ခဲခံထားရတဲ့ယာယီmarkကိုထိကြည့်ရင်းငါစိတ်ပျက်စွာသက်ပြင်းတစ်ချက်ချလိုက်သည်။

"ထင်တာထက်ခံနိုင်သားပဲနော်"

"မင်းစောက်ပါးစပ်ပိတ်ထားစမ်း!"

ခပ်ရှရှရီသံကဟိုတယ်ခန်းအတွင်းပျံ့နှံ့လျက်။geminiရဲ့Pheromones‌တွေကငါ့ကိုယ်ပေါ်မှာစွဲကပ်နေသည်။ခြေရင်းကဆိုဖာပေါ်မှာထိုင်ရင်းဝိုင်ကိုဇိမ်ခံသောက်နေသည့်ပုံကဖြတ်ရိုက်ပစ်ချင်စရာ။

အကျင့်မကောင်းတဲ့alphaကောင်မဟုတ်သေးဘူး။gemini
ကalphaမဟုတ်ဘူး။နှစ်ပေါင်းရာချီလောက်ကပျောက်ကွယ်သွားတဲ့Dominant alphaထက်မြင့်တဲ့enigmaကောင်!!

ဒီသရဲလိုကောင်က..အမြဲတမ်းငါ့ပြိုင်ဘက်ဖြစ်နေတဲ့ကောင်က..ငါ့ရဲ့ပထမဆုံးအကြိမ်ကိုယူသွားတာ!!

_______________________

2days before

ငါရဲ့၂၀နှစ်ပြည့်မွေးနေ့။ငါကDominant alphaနဲ့ dominant omegaကပေါင်းမွေးလာတဲ့true blood alpha။
ငါ့ဘ၀ကြီးကစည်းစိမ်အပြည့်နဲ့သိပ်ကိုအေးချမ်းတာ။

စောက်လုပ်စောက်ကိုင်မရှိသူငယ်ချင်းတွေနဲ့အလေလိုက်နေတဲ့ပျက်စီးနေတဲ့လူငယ်လေးပေါ့။ငါ့အဖေကငါ့အပြုအမူတွေကိုမကြိုက်ပေမယ့်အမေဖြစ်သူကအငယ်ဆုံးသားလေးဆိုပြီးဖူးဖူးမှုတ်ထားလေရဲ့။

ငါ့မှာမွေးချင်း၃ယောက်ရှိတယ်။ငါ့အထက်မှာalphaအမတစ်ယောက်ရှိပြီးalphaအကိုတစ်ယောက်နဲ့omegaအကိုတစ်ယောက်ရှိတယ်။ငါတို့လိုလူတွေမှာပူစရာရှေ့ရေးမရှိပါဘူး။ငါ့အဖေကအောင်မြင်တဲ့ဖက်ရှင်လုပ်ငန်းစုရဲ့ခေါင်းဆောင်လေ။

My precious omega (geminifourth ff✅)Where stories live. Discover now