hate you gemini! (18+)

2.7K 153 28
                                    

ကျွဲလိုကောင်

ရာသီဥတုကပူလိုက်တာ။အရင်ပတ်ကဖြစ်ခဲ့တာတွေမေ့ပစ်ဖို့ငါကြိုးစားပေမယ့်ပြန်တွေးတိုင်းစိတ်ရှုပ်ရသည်။ဒီနေ့အဖေ့ကုမ္မဏီကိုသွားရမှာမလို့ငါတစ်ကိုယ်လုံးရေးမွှေးတွေစွတ်၊အရင်ကငါ့pheromonesတွေစွဲကျန်နေသည့်ကုတ်အင်္ကျီများအားအထပ်ထပ်၀တ်မိသည်။

ဒီတစ်လောမှာငါအပြင်မသွားမိပေ။ငါomegaပြောင်းသွားတာgeminiကလွဲပြီးဘယ်သူမှမသိ။ငါ့သူငယ်ချင်းတွေတောင်မှလေ။ယာယီmarkကပျောက်သွားသည်မို့ငါ့ကိုယ်ပေါ်မှာomega pheromonesတွေကထိန်းမရအောင်ပျံ့နေသည်။

ငါ့အင်္ကျီတွေကခဏပဲထိန်းပေးနိုင်ခဲ့သည်။ဒီပုံစံနဲ့ကုမ္မဏီထဲဘယ်လို၀င်ရမလဲ။ကျစ်!စိတ်ပျက်လိုက်တာ။ဒီလအတွက်စာရင်းတွေကိုကုမ္မဏီကအတွင်းရေးမှူးအားလာယူခိုင်းရန်ဖုန်းဆက်လိုက်သည်။

ခဏအကြာမှာငါ့အဖေအတွင်းရေးမှူးကရောက်လာသည်။betaတစ်ယောက်မလို့အန္တရာယ်တော့မရှိပေ။အင်္ကျီရှည်လေးထပ်လောက်၀တ်ပြီးနေကာမျက်မှန်အပြင်maskပါတပ်ထားသည့်ငါ့ကိုရူးကြောင်ကြောင်လို့ထင်လိမ့်မည်။

ဒါပေမယ့်လည်းကြိုတင်ကာကွယ်ရမည်လေ။စောက်ဂယက်တွေကမပြီးနိုင်သေးဘူး။လမ်းမှာကားပျက်သွားတာကြောင့်ငါစိတ်တိုရပြန်သည်။ကားပေါ်ကဆင်းလိုက်ရင်းငါဖုန်းgps
ဖွင့်လိုက်တော့ကွန်ဒိုနှင့်သိပ်မဝေးတော့ပေ။

ငါချက်ချင်းပဲp'pondကိုဖုန်းဆက်ကာတည်နေရာပို့ပေးပြီးကာလာသယ်ရန်လူလွှတ်ခိုင်းလိုက်သည်။အဲ့နောက်ငါ့ရဲ့BMWကိုဘာမှမဖြစ်သလိုပင်ထားခဲ့လိုက်၏။

ပုံမှန်ဆိုငါစတိုင်နဲ့လျှောက်နေမိမှာဆိုပေမယ့်ခုချိန်မှာကွန်ဒိုရောက်ဖို့သာလောနေသည်။ဒီနေ့ဘာပွဲရှိလဲမသိလူတွေအုံမေသည်မလို့ငါစိတ်ကမရှည်တော့ပေ။

ဖုန်းgpsကပြသည့်လူပြတ်သည့်ဖြတ်လမ်းကနေသာငါသွားလိုက်၏။အဲ့မှာကံဆိုးတာပဲ။ကျောင်းပြေးပြီးဆေးလိပ်ခိုးသောက်နေတဲ့alphaပေါက်စတစ်သိုက်နဲ့တိုးလေသည်။

ခုချိန်မှာငါကomegaဖြစ်နေတာကြောင့်အဝေးကနေပင်တစ်ချို့alphaပေါက်တွေရဲ့pheromonesအနံ့တွေကိုရနေသည်။ခံရခက်လိုက်တာ။

My precious omega (geminifourth ff✅)Where stories live. Discover now