wolf from

1.3K 108 10
                                    

ဒေစီငယ်..

စိမ်းသက်တဲ့နေရာတစ်ခု။မီးခိုးတွေမှိုင်းနေတာလား?မြူတွေကြောင့်ငါရှင်းရှင်းလင်းလင်းမမြင်ရပေ။လွန်ခဲ့တဲ့နာရီအနည်းငယ်လောက်ကငါအဖမ်းခံလိုက်ရသည်။အဲ့နောက်ဘာဆက်ဖြစ်လဲမသိ။

'ဟေ့ ကောင်လေး!'

ငါ့နောက်ကအသံကြောင့်ငါလန့်ကာတုန်သွားသည်။ရင်းနှီးတဲ့အသံ။ငါနောက်သို့လှည့်ကြည့်လိုက်တော့ထောင့်တစ်နေရာမှာထိုင်နေတဲ့လူတစ်ယောက်ကိုမြင်သည်။

သူ့ရဲ့မျက်၀န်းနီတွေ။သေချာပေါက်ငါရင်းနှီးတဲ့မျက်၀န်းတွေ။geminiရဲ့wolfလား?။ငါမကြောက်မလန့်စပ်စုချင်တဲ့စိတ်နဲ့ထိုလူအနားသို့သွားလိုက်လေသည်။

တစ်ကိုယ်လုံးအနက်ရောင်၀တ်ထားတဲ့အပြင်မျက်စိစူးနေတဲ့ဆံပင်တွေကပုံမှန်geminiနဲ့ကွဲထွက်စေသည်။ချိန်းကြိုးသံတွေကြောင့်ငါထိုလူလက်သို့ကြည့်မိသည်။

သံ‌ကြိုးတွေပဲ။ချုပ်ခံထားရတာလား။

"မင်းပြန်သင့်ပြီ.."

သူ့ရဲ့ခပ်ရှရှအသံ။ငါခပ်တည်တည်ပင်wolfရှေ့အားထိုင်ချလိုက်သည်။ဘယ်ပြန်ရမလဲမှငါမသိတာ။ပြီးတော့ငါ့ရှေ့ကလူအကြောင်းကိုငါစိတ်၀င်စားမိသည်။

"မင်းကgeminiရဲ့wolfလား?"

____________________________

Gpsကပြနေသည့်တည်နေရာအတိုင်းငါကားကိုအရှိန်တင်လိုက်သည်။fourthကိုစိတ်မချတာကြောင့်လက်ဆောင်ပေးထားသည့်လက်စွပ်ထဲသို့ငါgpsထည့်ထားခြင်းပင်။

ငါ့ကိုယ်ကမနာကျင်တာကြောင့်fourthအန္တရာယ်ထဲမရောက်နေမှန်းငါသိသည်။သို့သော်ငါ့စိုးရိမ်စိတ်ကဖြေလျော့လို့မရ။ငါ့ကလေးလေးသာတစ်ခုခုဖြစ်သွားရင်ငါသေရလိမ့်မယ်။

တည်နေရာပြနေသည့်‌နေရာနဲ့တဖြည်းဖြည်းနီးလာသည်မလို့ငါ့ရင်တွေပင်တဒိတ်ဒိတ်ခုန်နေပြီ။မြို့ပြင်နဲ့နီးလာတာမလို့ငါလန့်ပင်လန့်သွားသည်။

ရုတ်တရပ်gpsကပျက်သွားတာကြောင့်စိတ်တွေရှုပ်ထွေးသွားသည်။ချွတ်ပစ်လိုက်တာလား?ငါကျစ်တစ်ချက်သတ်ကာကားစီယာတိုင်အားထုရိုက်လိုက်သည်။

My precious omega (geminifourth ff✅)Where stories live. Discover now