help!

1.5K 118 12
                                    

Gem..

ငါ့ရဲ့နေ့ရက်တွေမှာgeminiက၀င်ရောက်လာတယ်။အစကကြည့်မရပေမယ့်ခုတော့ငါသူ့အပြုအမူတွေနဲ့အသားကျလာပြီ။စိတ်၀င်စားတာမဟုတ်ဘူးနော်!နည်းနည်လေးပဲ..

ဒီနေ့ကငါ့ရဲ့အားလပ်ရက်။အမြဲတမ်းအားယားနေပေမယ့်လည်းငါ့မှာအားလပ်ရက်သက်သက်ရှိသေးတယ်။ကုတင်ပေါ်တွင်ဖုန်းကြည့်ကာငါမုန့်စားနေ၏။

Geminiမြင်ရင်ပြောမှာသိပေမယ့်ငါကိုကအဲ့ကောင်နဲ့ရန်ဖြစ်ချင်တာလေဟီးဟီး။ခဏအကြာမှာသူကအေပရွန်ကြီးနှင့်အခန်းထဲသို့၀င်လာသည်။

"ကိုယ်မင်းကိုဘယ်နှစ်ခါပြောရမလဲfourth ကုတင်ပေါ်မုန့်မစားပါနဲ့ဆိုနေ"

ငါဂရုမစိုက်ပါ။geminiကခေါင်းတစ်ခါခါဖြင့်သာအမှိုက်တွေကိုရှင်းလေသည်။ငါခိုးပြုံးမိ၏။အဲ့နောက်မသိချင်ယောင်ဆောင်ကာဘေးစောင်းအိပ်ပြီးဖုန်းသုံးဖို့လုပ်တုန်းgeminiက
ငါ့ကိုယ်အားပွေ့လိုက်တာကြောင့်ငါလန့်သွားသည်။

"Gem!ချပေးစမ်း"

"မနက်နိုးကတည်းကဖုန်းသုံးနေတာတော်သင့်ပြီလေကိုယ့်omegaလေး၊ထမင်းလာစားဦး"

ငါgeminiဆံပင်ထိပ်အားဆွဲလိုက်ပေမယ့်သူကမနာတဲ့အပြင်ရီပါရီနေသည်။'ကိုယ့်omegaလေး'လို့သုံးတာမကြိုက်ကြောင်းအကြိမ်ကြိမ်ပြောပေမယ့်ကျွဲကောင်ကခေါ်နေစဲပင်။

အဲ့နောက်ငါ့ကို‌မီးဖိုချောင်ထိပွေ့သွားသည်။ဟင်းနံ့လေးတွေမွှေးတာကြောင့်ငါစိတ်၀င်စားသွားသည်။geminiကငါ့ကိုထိုင်ခုံပေါ်တွင်သေချာချပေး၏။

သူ့အပြုအမူတွေကိုအစကငါရုန်းကန်ပေမယ့်ခုဆိုgeminiပွေ့သွားတာကိုငါသဘောကျလာသည်။မနက်အိပ်ယာမထချင်ရင်geminiကငါ့ကိုချီပြီးရေချိုးခန်းထဲခေါ်သွားကာမျက်နှာသစ်ပေးသည်။

Omegaတစ်ယောက်ဖြစ်နေလို့ငါကအရမ်းပေါ့နေတာလား?

"ဒီ‌နေ့ဘယ်သွားချင်လဲfourth"

ပုစွန်အားဖဲ့ရင်းငါgeminiကိုကြည့်လိုက်သည်။ခရင်းချကာစဉ်းစားနေတုန်းgeminiကငါ့ပန်းကန်းအားယူကာလက်အိတ်စွပ်ရင်းပုစွန်အခွံခွာပေးလေရဲ့။

My precious omega (geminifourth ff✅)Where stories live. Discover now