Chapter 12 - ဖိုက်တင်း! ချစ်တယ်
*******ထိုနေရာသို့ ယဲ့ယောင်ရောက်လာသည့်အခါ ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ခေါင်းငိုက်စိုက်ချလျက် ထိုင်နေသောလုရွှမ်းအားတွေ့လိုက်ရသည်။
ယဲ့ယောင်မှာပိုလို့တောင် ထိတ်လန့်သွားပြီး သူ့ဆီခြေလှမ်းကျဲကြီးများနဲ့ အပြေးအလွှားပြေးသွားတော့သည်။ "မင်းအဆင်ပြေရဲ့လား? ဘယ်နေရာမှာ ဒဏ်ရာရသွားတာလဲ? မင်းကိုဆေးရုံပို့ဖို့ ငါတက္ကစီခေါ်လိုက်မယ်။ ခဏလေးသည်းခံပေး"
လုရွှမ်းရဲ့ပုံက ပြင်းထန်သောတိုက်ပွဲကို ရင်ဆိုင်ကြုံတွေ့ခဲ့သည့်ပုံပေါ်ပေမဲ့ သူကယဲ့ယောင်ကို ပြုံးပြနေဆဲ။ "ဆိုးဆိုးရွားရွားမဟုတ်ပါဘူး။ စိတ်မပူနဲ့။ အကုန်လုံးဒဏ်ရာအသေးစားလေးတွေပဲ"
လုရွှမ်း ပြောတာကို ယဲ့ယောင်မယုံပါချေ။ တက္ကစီရောက်လာသည့်အတွက် လုရွှမ်းကိုကားထဲသို့ ထိုးသိပ်ထည့်လိုက်ပြီး နှစ်ယောက်သားဆေးရုံသို့ အလောတကြီးသွားလိုက်တော့တယ်။
ကားထဲရှိအလင်းရောင်နှင့် လုရွှမ်းရဲ့ဒဏ်ရာတွေကို ယဲ့ယောင်စတင်စစ်ဆေးသည်။
လုရွှမ်း သူ့ကိုဖုန်းခေါ်တုန်းက သူခြေထောက်နာနေတယ်လို့ ပြောတာကြောင့် ယဲ့ယောင်၏ပထမဦးဆုံးတုံ့ပြန်မှုမှာ လုရွှမ်းရဲ့ခြေထောက်တွေကို စစ်ဆေးတာပင်။
လုရွှမ်းက အနက်ရောင်ပွယောင်းယောင်းဘောင်းဘီကိုဝတ်ဆင်ထားသည်။ ယခုအချိန်တွင်တော့ ဘောင်းဘီရှည်တစ်ဖက်၏ဒူးခေါင်းပေါ်တွင် ညစ်ပတ်ပေရေနေပြီး ဖုန်မှုန့်များရှိနေခဲ့သည်။ ထိုနေရာကတစ်စုံတစ်ခုနှင့် ထိခိုက်ခံလာရမှန်းသိသာလှသည်။
ယဲ့ယောင် လုရွှမ်းရဲ့ဘောင်းဘီရှည်ကို ဂရုတစိုက်နဲ့ဖြည်းဖြည်းချင်းဆွဲတင်လိုက်ပြီးနောက် လုရွှမ်းရဲ့ဒူးခေါင်းပေါ်ကဒဏ်ရာမှာ သွေးထွက်နေသည်ကို သူမြင်လိုက်ရကာ ပင့်သက်မရှိုက်ပဲမနေနိုင်ချေ။
ဘယ်သူမှမထိတွေ့နိုင်သော ကောင်းလင်ပန်းပွင့်လေးဟု သူ့အတန်းဖော်တွေကတောင် လျှို့ဝှက်စွာခေါ်တွင်ခဲ့သည့်လူမှာ မျက်မှောင်များကြုတ်လျက် မျက်လုံးထဲတွင်စိုးရိမ်ပူပန်ခြင်းများအပြည့်ဖြင့် "ငါတို့ကားပေါ်ကဆင်းရင် ငါမင်းကိုဆေးရုံဆီသယ်သွားပေးမယ်။ မင်းလမ်းမလျှောက်နဲ့"
![](https://img.wattpad.com/cover/336944048-288-k915840.jpg)
YOU ARE READING
ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽
RomanceStart date _ 15/3/2023 End date - Thanks(≧▽≦)