T T T T ဘေးနားမှာတတီတီမြည်နေတဲ့နိုးစက်သံကိုဝမ်ရိပေါ်ကြားနေရတာကြောင့်လှမ်းပိတ်လိုက်တယ်နေဦး...နိုးစက်...နိုးစက်လား...ငါအခုသေ သွားပြီမဟုတ်လား
ဘယ်လိုလုပ်နိုးစက်ကိုပိတ်လို့ရသွားတာလဲဝမ်ရိပေါ်ဟာစိတ်လှုပ်ရှားမူ့များစွာဖြင့်ထထိုင်လိုက်တယ်
သူမှာကားတိုက်မူ့ကြောင့်ရတဲ့ဒဏ်ရာလဲမရှိသလို လုံးဝလဲနာကျင်မနေပေစားပွဲပေါ်က သူ့ဖုန်းကိုယူလိုက်တော့ 16.6.2022တဲ့
ဒါက...ဘယ်လိုအခြေအနေကြီးလဲ သူက ဘာလို့သူမသေခင်၁လအလိုကိုပြန်ရောက်နေတာလဲမဟုတ်မှလွှဲရောသူ့အမှားတွေကိုပြင်ဆင်လိုတဲ့စိတ်ဆန္ဒတွေကြောင့်သူ့အတိတ်ကိုပြန်ရောက်လာတာလား ဝတ္ထုတွေထဲကလိုလေ
ဝမ်ရိပေါ်ဟာမယုံနိုင်လွန်းလို့သူ့ကိုယ်သူပြန်ဆွဲဆိတ်ကြည့်လိုက်သောအခါ
နာကျင်မူလဲရှိခဲ့သလို....သူ့ညာဘက်လက်မှာအနဲငယ်လဲနီရဲနေတာကိုပါထူးခြားစွာတွေ့လိုက်ရတယ်
ဝမ်ရိပေါ်ဟာပျော်ရွှင်မူ့ကြောင့်ဘာမှမပြောနိုင်ခဲ့ဘူးထိုအချိန်
*ကျွီ....*
ဟုသောမြည်သံအတူသူ့အခန်းတံခါးဟာပွင့်သွားခဲ့သည်
ဝမ်ရိပေါ်ရဲ့အမေရှောင်ချူးလန်သည်ပူပူနွေးနွေးစွပ်ပြုတ်ပန်းကန်လေးကိုကိုင်ကာအခန်းထဲသို့ပြုံး၍ဝင်လာခဲ့သည်"သြော်....မားမားကလေးလေးကနိုးနေပြီပဲ"
"မား..."
ဝမ်ရိပေါ်သည်ကုတင်ပေါ်မှဆင်းကာသူ၏အမေကိုတင်းကျပ်စွာပွေ့ဖက်ထားလိုက်သည်
"အော်....ဘယ်လိုဖြစ်နေတာလဲသားလေးရယ်အပူတွေလောင်ကုန်မြှဖင့်...."
ဝမ်မားသည်စွပ်ပြုတ်ပန်းကန်လေးကိုစားပွဲပေါ်မှာအသာချ၍သူ့ကိုဖက်ထားတဲ့သားလေးရဲ့ဆံပင်တွေကိုဖွကာနေတယ်
"ဘာလိုချင်လို့များဒီလောက်ချွဲနေတာလဲသားလေးရယ်"
ဝမ်ရိပေါ်ဟာခေါင်းကိုခါရင်းသူ့အမေကိုပိုတိုးလို့ဖက်တယ်
ရှောင်ချူးလန်သည်သူမပုခုံးပေါ်မှာစိုစိုစွတ်စွတ်ဖြစ်သွားသည်ကိုသတိထားမိလိုက်သည်