Uni
"သခင်မလေး အဆင်ပြေရဲ့လား လုပ်ကြံသူတွေကို ဗိုလ်ချုပ်ရှောင်း မိသွားတယ်ဆို "
"ပြေပါတယ် အန်တီချူးယန် ကျွန်မအတွက်စိတ်မပူပါနဲ့ မော့ရန်လေးအတွက်သာ စိတ်ပူပါ နောက်အပတ်ဆိုရင် ကျွန်မမောင်လေးကို ထောင်ဖောက်ပြီးကယ်မယ်"
"ကျေးဇူးတင်ပါတယ် သခင်မလေးရယ် မော့ရန်လေးမှာ သခင်မလေးပေးတဲ့ဘဝ ပဲရှိတော့တာပါ"
ယွီယောင်ဟာ သူရှေ့မှာရှိနေတဲ့အန်တီကြီးရဲ့ လက်ကိုပုတ်ပြီးနှစ်သိမ့်ပေးနေသည် သူကဗိုလ်ချုပ်ကြီးယွီမင်ရဲ့ သမီးဖြစ်ပေမဲ့ သူ့အကိုဖြစ်သူယွီရှန့်လောက် အရေးပေးမခံရပေ သူကို ငယ်ငယ်လေးကတည်းက ဂရုစိုက်ခဲ့သည်မှာ သူတို့အိမ်ရဲ့အိမ်တော်ထိန်းချင်နဲ့ သူ့ဇနီး မော့ချူးယန် သာရှိသည်
နောက်ပြီးချင်မော့ရန်တစ်ယောက်တည်းသာ သူ့ကိုအမလို့ခေါ်ပြီးနွေးထွေးတဲ့ မောင်နှမသံယောဇဉ်ကို ပေးခဲ့တာဖြစ်သည်သူသည် ဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးကိုသေအောင်မုန်းသည် သူ့အမေက ဒေါ်လေးမော့ချူးယန်ကို ရှောင်းသခင်မကြီးနဲ့ ကုန်းမတိုက်ခဲ့ရင် ဒေါ်လေးချူးယန်သာ ရှောင်းအိမ်တော်ရဲ့မွေးစားသမီးဖြစ်ခဲ့ရင်
ဗိုလ်ချုပ်ရှောင်ကျန့်ရဲ့ အချစ်တွေကိုသူပဲရခဲ့လောက်မှာ ဟိုကောင်စုတ်လေးရခဲ့မှာမဟုတ်ဘူး နောက်ပြီး အဲ့ကောင်လေးက သူ့မောင်လေးရဲ့ ချစ်သူပိုင်ရိဟန်ကို ကာမပိုင် ယောက်ျားရှိရက်နဲ့တောင်မြူစွယ်ခဲ့သေးတယ် ဒါတင်မကသေးဘူး သူ့မောင်လေးကိုထောင်၁၅နှစ် ကျအောင်လုပ်ခဲ့သေးတယ်
သူမသည် သေချာပေါက် ဝမ်ရိပေါ်သတ်မယ်"မောင်လေးကို ကျွန်မလာကယ်မယ်ဆိုတဲ့အကြောင်း အန်တီထောင်ဝင်စာသွားတွေ့ရင် အသိပေးထားလိုက်ပါ
ကျွန်မကဝမ်ရိပေါ်ကို ထပ်ပြီးလုပ်ကြံဦးမှာမို့လို့ သူကိုသွားတွေ့ဖို့ခက်လိမ့်မယ်""ဖြစ်ပါ့မလားသခင်မလေးရယ် ဗိုလ်ချုပ်ရှောင်းက အခုဆို ခွင့်ယူပြီးတော့တောင် သူ့အမျိုးသားနားမှာစောင့်ကြပ် ကြည့်ရှုနေတာလေ အန္တရာယ်များပါတယ် နောက်ပြီးဗိုလ်ချုပ်ရှောင်းက အရင်တစ်ခေါက်ကလုပ်ကြံသူတွေကိုလဲ ဖမ်းမိထားသေးတယ်မလား"