Uni
"ရှောင်း"
ဝမ်ရိပေါ်သည် ရှောင်းကျန့်ရဲ့ စစ်ယူနီဖောင်းက ကြယ်သီးတွေကို
တပ်ပေးနေရင်း တိုးတိုးလေးခေါ်လာ၏"ဘာလို့လဲဝမ်"
"ဘာမှမဟုတ်ပါဘူး ကျွန်တော့်စိတ်ထဲ နည်းနည်းတစ်မျိုးဖြစ်နေလို့"
"ဒါဆို ကိုယ်လွှတ်တော်ကိုမသွားတော့ဘူးလေ"
"မဟုတ်တာ ဘာလို့ရှောင်းက ညီလာခံကိုမသွားရမှာလဲ
ညီလာခံဆိုတာ နိုင်ငံတော်ရဲ့အရေးကြီးတဲ့ ပင်မထောက်တိုင်ကြီးလေ"ရုတ်တရက်ရှောင်ကျန့်ရဲ့လက်တွေဟာ ကြယ်သီးတပ်ပေးနေတဲ့
ဝမ်ရိပေါ်ရဲ့ခါးကို ဖက်တွယ်လိုက်ကာ ကောင်လေးနားကိုတိုးကပ်လိုက်၏"ကိုယ်က နိုင်ငံတော်ရဲ့ ပင်မထောက်တိုင်ကြီး မဖြစ်ချင်ဘူး ဝမ်ရဲ့ ပင်မထောက်တိုင်ကြီးပဲ ဖြစ်ချင်တာ"
"ရှောင်းနော်"
ရှောင်းကျန့်ကပြုံးစစနဲ့ ဝမ်ရိပေါ်ရဲ့ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို အိဝင်သွားအောင်နမ်းလိုက်၏
"ဝမ့်ပါးလေးတွေက နူးညံ့မွေးနေတာပဲကွာ"
ပြုံးရီနေတဲ့ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ရဲ့ ရုတ်တရက်
တိုက်ခိုက်ခြင်းကိုခံလိုက်ရသောကြောင်ကျောက်ရုပ်သဖွယ် အသွင်ပြောင်းသွား၏ ဝမ်က သူ့နှုတ်ခမ်းကို ချိုချဉ်တစ်ခုလိုပြုမူနေတယ်အချိန်အတော်အတန်ကြာမှာ ဝမ်ရိပေါ်ကရှောင်ကျန့်ကို
လွတ်ပေးကာ မေးခွန်းတစ်ခုကိုမေး၏"ပါး နဲ့ နှုတ်ခမ်း ဘယ်ဟာက ပိုနူးညံ့လဲ ရှောင်း"
"မေးခွန်းသတ်ပြီ ဝမ်ရာ ဒီလိုလုပ်ပါလား ကိုယ်တစ်ခါပြန်နမ်းကြည့်မယ်လေ"
"လူလည်ကြီး"
ကြယ်သီးတပ်ပြီးသွားတော့ ဝမ်ရိပေါ်ဟာ ရှောင်ကျန့်ရဲ့စစ်ဝတ်စုံ အသာခါလိုက်၏ သူ့အမျိုးသားက စစ်ဝတ်စုံနဲ့ တကယ်ပင်
ကြည့်ကောင်းသည်"ပြီးသွားပြီ ညီလာခံကိုသွားပြီ မြန်မြန်ပြန်လာခဲ့နော် ယောက်ျား"