Zaw
ရှောင်ကျန့်သည် ဝမ်ရိပေါ်ရဲ့လက်တစ်စုံကို ကိုင်၍
ဝမ်ရိပေါ်ရဲ့တက္ကသိုလ်ထဲကထွက်လာခဲ့သည်
ဒီနေ့ကောင်လေးမွေးနေမို့လို့ကောင်လေးကျောင်းနားမည်ဖြစ်ကြောင်း
သူကိုယ်တိုင်ခွင့်လာတိုင်ပြီး ကောင်လေးကို လာခေါ်တာဖြစ်သည်
ကောင်လေးရဲ့လက်တစ်စုံကိုတွဲပြီးကျောင်းထဲကနေထွက်လာရတဲ့
ပျော်ရွှင်မူ့ဟာဘာနဲ့မှမလဲနိုင်ပေ"သားတို့ရောက်လာပြီလားလာကြလေ"
ရှောင်ကျန့်အမေလန်ရီကတံခါးဖွင့်ပေးကာအထဲသို့ဝင်စေသည်
ဧည့်ခန်းမှာတော့ဝမ်ပါးနဲ့ရှောင်းပါးကတော့စကားကောင်းနေကြသည်"ပါး"
မိဘကိုမြင်တာနဲ့ကောင်လေးဟာအချွဲလုံးလေးဖြစ်သွားပြီ
သူအဖေကိုသွားဖက်တော့သည် ဝမ်ရိုဟန်ကသူ့သားငယ်လေးကို
တင်းကျပ်စွာထွေးပွေ့ထားခဲ့သည် သားလေးနဲ့ခွဲရတာ ၁လမပြည့်သေးပေမဲ့လဲ သူအရမ်းလွမ်းနေခဲ့တာ"ကြည့်ပါဦး...အဖေ့သားလေးကမတွေ့တာရက်ပိုင်းပဲရှိသေးဝလာလိုက်တာကွာ....သားရှောင်းကအရမ်းအလိုလိုက်ထားတာပဲဖြစ်ရမယ်.."
ရှောင်ကျန့်ကပြုံးနေလျက်ဘာမှမပြောပေ
"သားဝမ်လေး သားကသားအဖေကိုပဲမြင်တာလား ဦးဦးကိုရောမမြင်ဘူးလား"
ဝမ်ရိပေါ်သည် သူ့အဖေကိုဖက်ထားရာကနေ သူ့ဦးလေးယောက္ခမကိုပြောင်းဖက်သည်
"မဟုတ်ပါဘူး ဦးငယ်လေးကို မြင်တာပေါ့ ဒါပေမဲ့ဦးငယ်လေးက
အရမ်းချောခန့်နေပြီးကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပနေတော့
ဦးငယ်လေးနားကပ်ရင် သားရဲ့ချောမောမူ့တွေပျောက်သွားမှာဆိုးလို့ပါ""အတက်ကလေး အပြောကတော့ချိုနေတာပဲ"
ရှောင်ယန်သည် သူတူလေးရဲ့ဝမ်ရိပေါ်ရဲ့
နှာခေါင်းလုံးလုံးကိုလက်ကလေးထိရင်းမေးလာသည်"ပြောပါဦး သားရှောင်းက သားကိုစိတ်ညစ်အောင်လုပ်သေးလား"
"မလုပ်ပါဘူး ရှောင်းက ကျွန်တော့်ကိုအရမ်းကောင်းတာ မျက်နှာတစ်ချက်အညိုးမခံဘူး"